Part-29

225 34 8
                                    

မားတို့ကယိုရှီကိုခနလောက်နားပါဦး
ဆိုပြီးအတင်းပြောနေကြတာမို့ဆေးရုံ
ဝန်းထဲမှာပဲလမ်းလေးလျှောက်နေစဉ်
မားကဂျောင်ဟွမ်သတိရပြီဆိုပြီးဖုန်း
ဆက်လာတာမို့အပြေးတစ်ပိုင်းလာခဲ့
ရသည်....

ဝုန်း...

တံခါးဖွင့်သံကအနည်းငယ်ကျယ်သွား
ရတဲ့အထိယိုရှီစိတ်တွေလောနေခဲ့သည်...

ဂျောင်ဟွမ်ကမှီပြီးထိုင်နေရင်းယိုရှီကို
မြင်တော့မျက်နှာလွှဲသွားခဲ့သည်...

မိဘတွေကအလိုက်သိစွာပင်သူတို့နှစ်
ယောက်ထဲထားပေးခဲ့ပြီးထွက်သွားခဲ့
ကြသည်....

"ဂျောင်...ဂျောင်ဟွမ်"

ယိုရှီမဝံ့မရဲတဖြေးဖြေးတိုးကပ်ရင်း
ခေါ်လိုက်မိသည်...

ဂျောင်ဟွမ်ကတော့မျက်နှာလွှဲထားစဲပင်...

"ဂျောင်ဟွမ်နေရတာအဆင်ပြေ..."

"မထိနဲ့..."

ဂျောင်ဟွမ်လက်မောင်းကိုကိုင်လိုက်မိ
တဲ့ယိုရှီလက်လေးတွေအသာနောက်ဆုတ်
လိုက်ရသည်...

"ငါ့ကိုစိတ်ဆိုးနေတာလား...
ငါဘာအမှားလုပ်မိလို့လဲ...အဲ့လိုကြီး
မနေပါနဲ့..."

"..."

ဂျောင်ဟွမ်ကတိတ်ဆိတ်နေစဲပင်...

ယိုရှီစိတ်မရှည်တော့ပဲဂျောင်ဟွမ်ကိုသူ့
ဘက်ဆွဲလှည့်လိုက်သည်...

"ငါ့ကိုတော့ကြည့်ပါဦး...ငါအများကြီး
စိတ်ပူနေခဲ့တာမို့..."

"အပိုပြောမနေနဲ့!!..."

ဂျောင်ဟွမ်အော်သံကြောင့်ယိုရှီလန့်
သွားရသည်...

"ဂျောင်..ဂျောင်ဟွမ်ဘာလို့အော်တာလဲ"

ယိုရှီမျက်ရည်တွေလျှံတက်လာသည်...

ငိုချင်ရက်လက်တို့ဆိုသလိုဒီရက်ပိုင်း
သူ့စိတ်တွေတင်းထားခဲ့ရတာကောပေါင်း
ပြီးမျက်ရည်တွေထိန်းမရအောင်ကျလာ
တော့သည်...

"ခင်ဗျား...မငိုနဲ့အခုတိတ်!!..."

ဂျောင်ဟွမ်ကယိုရှီကော်လံစကိုဆွဲပြီး
သူ့မျက်နှာနားနီးကပ်စေလိုက်သည်...

ဒီဂျူနီယာလေးကတစ်မျိုးလေးWhere stories live. Discover now