Part-16

204 38 8
                                    

ဂျွန်ဂယူ...ပွဲမတိုင်ခင်ပန်းအလှဆင်‌ဖို့
ရာလိပ်စာအတိုင်းထွက်လာခဲ့သည်....

"ဂျယ်ဟော့...မင်းဘာဖြစ်နေတာလဲ
အငြိမ်လဲမနေဘူး"

"ဘာ...ဘာမှမဖြစ်ပါဘူး"

ဂျယ်ဟော့အိမ်နားရောက်ခါနီးလေ
စိတ်လှုပ်ရှားလေပါပဲတကယ်လို့
တစ်ခုခုများလွဲချော်သွားရင်ဘယ်လို
လုပ်မလဲ...

သူကိုယ်တိုင်ဝန်ခံဖို့ကိုလဲတွေးပြီး
ကြောက်နေမိသည်ဂျွန်ဂယူမုန်းသွား
တာမျိုးသူမလိုလားပါ....

"ရောက်ပြီထင်တယ်..."

ဂျယ်ဟော့ရင်ထဲပိုပိုပြီးပူလောင်လာ
ရသည်...

ကြီးမားတဲ့ခြံတံခါးကြီးတဖြေးဖြေး
ပွင့်သွားသည်...

"ဂျယ်ဟော့ကြည့်ပါဦး...ခြံတံခါး
ဝေးအောင်တော်တော်မောင်းခဲ့တာ
တောင်အိမ်စီမရောက်သေးဘူး
တော်တော်ချမ်းသာပုံပဲ"

"အဟင်း...ဟုတ်တယ်နော်
တော်​တော်ချမ်းသာတယ်ထင်တယ်"

အိမ်တော်နားရောက်တော့ဂျွန်ဂယူ
ကကားလေးကိုရပ်လိုက်သည်...

"ဂျယ်ဟော့...ဆင်းမယ်လေ"

"အော်..အင်း"

"ကားကဒီနားရပ်လို့အဆင်ပြေလား
မသိဘူး"

"ပြေတယ်ရယ်"

"ဟမ်..."

"အော်...ကျွန်တော်ပြောတာ
ပြေမှာပါလို့"

"ရောက်လာကြပြီလား"

"ဟုတ်...အန်တီ"

ဂျွန်ဂယူနည်းနည်းထူးဆန်းသလိုတော့
ခံစားရသည်...

ဒီအိမ်ကလူတိုင်းကသူ့ကိုအရမ်းရိုသေ
သလိုမျိုးဖြစ်နေသလိုလားလို့...

"အန်တီမနက်ကကျွန်တော်ပန်းတွေကြို
ပို့ထားတာရောက်ရဲ့လားဟင်"

"ရောက်တယ်..ရောက်တယ်အန်တီဖြင့်
သဘောကျလိုက်တာဒီပွဲအတွက်သား
ရွေးထားတွေကတကယ်အန်တီ့
အကြိုက်တွေကြီးပဲ"

ဘေးနားကဂျယ်ဟော့မျက်နှာမဲ့ရှုံ့သွား
မိသည်ဘယ်တုန်းကမားကပန်းကြိုက်
တတ်သွားတာလဲမိန်းကလေးဆိုပြီးပန်း
လုံးဝမကြိုက်တတ်ပေခုသူ့သမက်နဲ့
တွေ့မှပန်းချစ်သူကြီးလုပ်နေတယ်...

ဒီဂျူနီယာလေးကတစ်မျိုးလေးWhere stories live. Discover now