Part 2

5.7K 320 11
                                    

မှိုင်းတစ်ယောက် ဟိုနေ့က clubမှာတွေ့တဲ့ ကလေးကြောင့် တစ်နေ့တစ်နေ့ နေမထိထိုင်မသာဖြစ်နေရတယ်။အော် ဘယ်လိုတောင် ရုပ်ပျက်ဆင်းပျက်ဖြစ်နေရတာလဲကွာ။မရတော့ဘူး မနေနိုင်တော့ဘူး။

"ဂုဏ်ရှိန်"

"ဟုတ်ကဲ့ boss"

"ဟိုနေ့က clubမှာ တွေ့တဲ့ ကလေးအကြောင်းကိုစုံစမ်းလိုက် ဘာတစ်ခုမှမကျန်စေနဲ့"

"Boss မွေးစားမလို့လား"

"အေး ဟုတ်တယ် မွေးပြီး စားမလို့"

မှိုင်း သေချာစဥ်းစားရမယ်။သူ့အသားကို တခြားသူထိရင်တောင် ရေဆေးပြစ်တဲ့အထိ ရွံတတ်တာကို ဟိုကလေးဝင်တိုက်တာကိုတောင် မရွံတဲ့အပြင် သဘောတောင်ကျနေသေးတယ်။ဘာလဲ ငါချစ်မိသွားတာလား။မဖြစ်နိုင်တာ ကလေးကိုလေ ငါကလေ ကျစ် သေချာစဥ်းစားစမ်းပါ။

ပိုင်ပိုင်ကတော့ အဲ့နေ့က သစ္စာက အိမ်ပြန်ပို့ပြီးကတည်းက အိပ်လိုက်တာ သိုးလို့။ပြန်မေးတော့ ဘာဖြစ်ခဲ့မှန်တောင် မသိဘူးတဲ့။အော် ကောင်းလိုက်တာ သူကတော့ သတောင်းစားကို သေချာအိမ်ပြန်ပို့ပေးခဲ့တာကို ကျေးဇူးတောင်မတင်ဘူး အေးပါ နောက်တစ်ခါဆိုရင် ပစ်ထားခဲ့မယ်။

"ပိုင်ပိုင် မအေဘေးလေ မင်းလဲ ငါပဲ အမြဲ နှိုးနေရတယ် ငါ့ကိုအားမနာတော့ဘူးလားကွာ"

"စပကို အားနာရမှာလား လီးလီးလားလားတွေလာပြောမနေနဲ့"

"ဟာ လက်ခလယ်ပဲ ဟျောင့်"

"အမလေး သူငယ်ချင်း အရင်းကြီးက ကိုယ့်ကိုဆဲတာလောက် ရင်နာဖို့ကောင်းတာ ဘာရှိအုံးမှာလဲ အော် သနားစရာငါ့ဘဝ"

"လီးပဲ ဟျောင့် သောက်ပိုတွေလုပ်မနေနဲ့ ထတော့"

"အော် အေးပါကွာ မင်းကလဲ ဖောလိုးလေးတောင် မလိုက်ပေးဘူး"

ရေချိုးခန်းထဲ ဝင်သွားတဲ့ ပိုင်ပိုင့်ကိုကြည့်ပြီး သစ္စာပြုံးလိုက်မိတယ်။သစ္စာက မိဘမရှိတော့ဘူး တစ်ကောင်ကြွက် တစ်ယောက်ထဲနေတယ်။ပိုင်ပိုင်နဲ့မတွေ့ခင်က ကျောင်းမှာ အမြဲ အနှိမ်ခံရတယ်။မိဘမရှိတော့လဲ ရှိတဲ့သူတွေကနှိမ်တာပေါ့။အဲ့တုန်းက ကျောင်းသားတစ်ယောက်က မင်းမိဘတွေက မင်းကိုစွန့်ပစ်သွားတာဆိုပြီးပြောလို့ ထိုးလိုက်တာ ရုံးခန်းရောက်သွားတယ်လေ။ရုံးခန်းရှေ့မှာ အပြစ်ပေးခံနေရတုန်း ပိုင်ပိုင်ရောက်လာပြီးပြောတယ်လေ။

Daddyရဲ့ ချစ်ရပါသော baby(Completed)Where stories live. Discover now