Part 25

3.6K 187 9
                                    

မနက်မိုးလင်းတော့ အိမ်တစ်အိမ်မှာ

"အား...တောက်ခ် ငါ့အမကို ဟက် မင်းတို့ အကုန်သေစေရမယ်"

စွယ်တော် မနက်နိုးလာတော့ အိမ်ရှေ့မှာ လူတစ်ယောက်လဲနေတာကြောင့် ကြည့်လိုက်တော့ သူ့အမဖြစ်နေလေတယ်။ရင်ဘတ်တစ်နေရာမှာလဲ သွေးတွေစီးကျကာ တစ်ချို့ဆို ခြောက်တောင်ခြောက်နေလေပြီ။

စွယ်တော် ဒေါသထွက်ကာ တစ်နေရာကိုဖုန်းဆက်လိုက်တယ်။
..............................................................…..........................................................
အော့..ဝေါ့..

"Babyရရဲ့လားကွာ.."

"ရပါတယ်...ဝေါ့.."

"ဆေးရုံသွားရအောင်နော်..."

မှိုင်း ဘာလုပ်ရမှန်းကိုမသိပါ။babyက မနက်ထဲက အန်နေတာ အခုထိပဲ။အစားဝင်အောင်ကျွေးမယ်ဆိုလဲ ဟင်းအနံ့တွေရတာနဲ့ အန်တော့တာပဲ။အရင်တုန်းက ကြိုက်လှပါချည်ရဲ့ဆိုတဲ့ ကြေးအိုးလဲ အခုဆို အနံ့တောင်မခံနိုင်တော့ဘူး။
မှိုင်း စိတ်ပူရလွန်းလို့ ချွေးတောင်ပြန်နေပြီ။

"အခုချက်ချင်း အိမ်လာခဲ့.."

မှိုင်း  Family Doctorကို ခေါ်လိုက်ရတော့တယ်။

"Baby ခဏနားလိုက်နော်..ဘာစားမလဲ.."

"မစားချင်ဘူး.."

"နေရတာရော အဆင်ပြေရဲ့လား.."

"ရင်ထဲပြည့်နေတယ်.."

"Daddyဆရာဝန်ခေါ်ထားတယ် ရောက်လာတော့မယ်နော်.."

ဒေါက် ဒေါက်

"ဝင်ခဲ့.."

"လူနာက ဘာဖြစ်တာလဲ.."

"မနက်ထဲက အန်နေတာ အစားလဲမစားဘူး..ရင်ထဲပြည့်နေတယ်တဲ့.."

"စမ်းသပ်ကြည့်မယ်နော်.."

ဆရာဝန်က စမ်းသပ်တော့ မျက်လုံးပြူးကာ အထပ်ထပ်အခါခါ စမ်းသပ်နေတယ်။မှိုင်းက ရိပ်မိစွာ

"ရောဂါများ ဖြစ်လိူ့လား.."

"မဟုတ်ပါဘူး ဘယ်လိုပြောရမလဲ..လူနာမှာ ကိုယ်ဝန်ရှိနေတယ်..."

"ဗျာ.."

မှိုင်း ယုံတောင်မယုံနိုင်ပါ။babyက ယောက်ျားလေးလေ ဘယ်လိုလုပ် ကိုယ်ဝန်ရမှာလဲ..

Daddyရဲ့ ချစ်ရပါသော baby(Completed)Where stories live. Discover now