Part 26

3.5K 197 2
                                    

မှိုင်း အလုပ်လုပ်နေရင်း babyနဲ့သူရဲ့ ဓာတ်ပုံလေးက လေလဲမတိုက်ပဲ စားပွဲပေါ်ကနေ ပြုတ်ကျတာကြောင့် မှိုင်း မျက်ခုံးတွေတွန့်ကြိုးသွားရတယ်။ဓာတ်ပုံကို ပြန်ကောက်ကာကြည့်လိုက်တော့ မှန်က ကြေကွဲကာ ရစရာမရှိတော့တာကြောင့် ဓာတ်ပုံလေးကို ဆွဲထုတ်ကာ အိမ်ပြန်တော့မှ အသစ်ထပ်လူပ်မယ်ဆိုပြီး အိတ်ထဲထည့်ထားလိုက်တယ်။

မှိုင်းစိတ်ထဲ ထင့်နေတာကြောင် babyဆီကိုဖုန်းဆက်တော့ ဆက်သွယ်မှုၔရိယာ ပြင်ပ ဆိုတဲ့စကားက လွဲလို့ သူ ကြားချင်တဲ့baby ရဲ့အသံလေးကို မကြားရချေ။မှိုင်း စိတ်ထဲ တစ်ခုခုဖြစ်နေပြီဆိုတာ သိလိုက်ပြီ babyက ဘယ်တော့မဆို ဖုန်းကိုင်တာမို့လို့ အခုလိုအခြေအနေက ဘာလဲ။မှိုင်း မျက်မှောင်ကြုံ့ကာ သစ္စာဖုန်းကိုခေါ်လိုက်တော့လဲ ဆက်သွယ်မှုၔရိယာပြင်ပကလွဲလို့ အသံထွက်မလာချေ။

မှိုင်း ဂုဏ်ရှိန်ကို ခေါ်ကာ ကျောင်းကိုလာတော့..ကျောင်းနောက်ဆုံးရက်မို့လို့ ကျောင်းသားတွေက ပျော်နေကြတယ်။အဲ့ထဲမှာ ပိုင်ပိုင်နဲ့ သစ္စာကို ရှာတော့လဲ မတွေ့တာကြောင့် ကျောင်းသားတစ်ချို့ကိုမေးကြည့်တော့ အနောက်ပေါက်ကနေကျောင်းပြင်ထွက်သွားတယ်လို့ပြောတာကြောင့် ကျောင်းအနောက်ဘက်ကို လာတော့ ဖုန်းတစ်လုံးတွေ့ရုံကလွဲလို့ babyနဲ့တူတဲ့အရိပ်လုံးဝမတွေ့ပေ။

မှိုင်း အမြန်ပင် ကျောင်းရဲ့ CCTVကို ကြည့်လိုက်တော့..

"တောက်ခ် ဂုဏ်ရှိန် အဲ့ကား ဘယ်ကိုသွားလဲ အခုချက်ချင်း စုံစမ်း!!!"

ဂုဏ်ရှိန်လဲ သစ္စာကို စိတ်ပူနေတာကြောင့် အမြန်ပင် ကားသွားရာ နေရာဆီ စူံစမ်းလိုက်တော့...

"Boss ***ဂိုထောင်ပျက်မှာပါ.."

"မင်းဟိန်းတို့ကို ဖုန်းဆက်ပြီး အခုချက်ချင်းအဲ့ဂိုထောင်ကို လိုက်လာခိုင်းလိုက်.."

မှိုင်းနဲ့ ဂုဏ်ရှိန်လဲ ကားနဲ့ ဂိုထောင်ဆီ အရှိန်အမြန်ဆုံးတင်ကာ မောင်းလာခဲ့တယ်။ဂိုထောင်ရောက်တော့..

"ဂုဏ်ရှိန် ရော့...မသေစေနဲ့.."

"ဟုတ်ကဲ့ boss.."

Daddyရဲ့ ချစ်ရပါသော baby(Completed)Where stories live. Discover now