Part 3

5.2K 302 9
                                    

မှိုင်း အဝတ်အစားတွေ လိုက်ဝယ်ပေးပြီးတော့ စားသောက်ဆိုင်ကို လာခဲ့တယ်။

"Baby ဘာစားမလဲ"

ပိုင်ပိုင်ကတော့ သူ့အက်ျီတွေကို ရေစိုအောင်လုပ်ထားတာမို့လို့ ပညာပြမယ်ဆိုကာ

"ဆိုင်မှာရှိသမျှ ဟင်း အကုန်ချ"

"ဗျာ"

"နားကန်းနေတာလား"

"မဟုတ်ပါဘူး ဟုတ်ကဲ့ ချပေးပါ့မယ် ခဏလေးစောင့်ပါ"

မှိုင်းကတော့ ဘာလုပ်လုပ်ပြုံးပြီးကိုကြည့်နေတယ်။ပိုင်ပိုင် ဟိုလူကို မကျေနပ်လို့ အကုန်မှာလိုက်ပေမယ့် သောက်ဘိုးတော်က ဘာမှမပြောတဲ့အပြင် ပြုံးတောင်ပြုံးနေလိုက်သေး ချီးပဲ သောက်ဘိုးတော်။

ဟင်းပွဲတွေက ၁ရာကျော်တာမို့လို့ စားပွဲတစ်ခုတင်မလောက်ဘဲ နောက်စားပွဲတွေပါ ဘေးနားချကာ ဟင်းတွေတင်ပေးထားရတယ်။ဘေးနားကလူတွေလဲ မျက်လုံးပြူးပြီးကြည့်နေကြတာပေါ့။

"ဟျောင့် ပိုင်ပိုင် ဟင်းတွေအများကြီး ဘာလုပ်မလို့"

"စကားမများနဲ့စားမှာရှိစား"

ပိုင်ပိုင်စားနေတုန်း အပြင်ကိုအမှတ်တမဲ့ လှမ်းကြည့်မိတော့ ကလေးလေးတွေ တောင်းရမ်းနေတာကိုတွေ့လိုက်ရတယ်။အဲ့ဒါနဲ့ ပိုင်ပိုင်က ဟင်းတွေကို အိတ်ထဲထည့်ကာ အပြင်ကိုယူသွားတယ်။မှိုင်းကလဲ အနောက်ကနေ လိုက်လာတယ်။

"ကလေးလေး ဗိုက်ဆာလို့လား"

"ဟုတ် ကိုကြီး မစားရတာ ၁ပတ်ရှိနေပြီ"

ပိုင်ပိုင်မျက်နှာမကောင်းဖြစ်ကာ

"ရော့ ဒါလေးစားလိုက် ဘာစားချင်သေးလဲ"

"ကျေးဇူးပါ ကိုကြီး ညီလေးဆီယူသွားပေးလို့ရပြီ"

"ညီလေးရှိသေးတာလား"

"ဟုတ်ကဲ့ အဖေနဲ့အမေက မျက်စိမမြင်ဘူးလေ ညီလေးက အခုမှ ၃နှစ်ပဲရှိသေးတယ်"

မှိုင်းလဲ babyက သနားနေတဲ့ပုံကြောင့်

"ကလေး မင်း ဦးဆီမှာအလုပ်လုပ်မလား"

"ဗျာ တစ်ကယ်လားဟင်"

"အင်း လစာလဲပေးမယ်"

"ဒါမဲ့ ကျွန်တော်က ပညာမတတ်ဘူးလေ"

Daddyရဲ့ ချစ်ရပါသော baby(Completed)Where stories live. Discover now