Part 23

3.5K 203 12
                                    

ပိုင်ပိုင်မနက်နိုးလာတော့ အနေ့က အဖြစ်အပျက်ကိုတွေးရင်း ငိုမိတယ်။
Daddyက ဘာဖြစ်လို့ စိတ်ပြောင်းသွားတာလဲ ငါ့ကိုပဲချစ်တာဆို..

ပိုင်ပိုင်ငိုပြီးတော့ သန့်စင်ခန်းထဲ မျကိနှာသစ်ကာ စဥ်းစားလိုက်တယ်။

"ဟက် အရင်တုန်းက daddyလုပ်ပေးနေကျတွေကို.."

ပိုင်ပိုင် ထမင်းစားခန်းထဲဝင်လာတော့ နွားနို့ပူမှာစိုးလို့ သေချာမှုတ်တိုက်နေတဲ့ daddyနဲ့ ပြုံးဖြီးကာ စားသောက်နေတဲ့နဒီလှိုင်ကြောင့် မဆီမဆိုင် အရင်က ပုံရိပ်တွေပြန်မြင်ယောင်လာတယ်။

"Daddyကလေးလေး နွားနို့ပူမယ်နော် daddyလုပ်ပေးမယ်.."

"ရပြီ ဖြည်းဖြည်းသောက်နော် သီးအုံးမယ်.."

ပြန်မြင်ယောင်ရင်း မျက်ရည်တစ်ပေါက် ကျသွားတာမို့လို့ မြန်မြန်သုတ်ကာ ထမင်းဝိုင်းကို ခပ်တည်တည် ဝင်ထိုင်လိုက်တော့..

"ကိုမှိုင်း~~~သူ့ကို မောင်းထုတ်ပေး နဒီဗိုက်ထဲက ကလေး လန့်သွားလိမ့်မယ်.."

"ဟုတ်ပြီ ကိုယ်လုပ်ပေးမယ်...ပိုင််ပိုင် မင်း တခြားနေရာသွားစား.."

ခွမ်း

"ခင်ဗျား လိုချင်တုန်းက မရမကယူပြီး အခုမှ ဘာစောက်ချိုးချိုးတာလဲ...ဒီမှာ ပိုင်ပိုင်ဆိုတဲ့ ငါက ဘယ်သူ့မှဂရုမစိုက်သလို ဒီအိမ်ကလဲ ငါတစ်ဝက်ပိုင်တာဖြစ်လို့ ငါနေချင်သလိုနေမယ် ခင်ဗျားစောက်ကြောင်းမပါဘူး ခင်ဗျားရဲ့ မရှိတဲ့ဗိုက်အတုလုပ်တဲ့ ဖာမယားငယ်ကိုသာ ဂရုစိုက်လိုက်..ဟက်."

ဒုန်း..

ပြောပြီး ပိုင်ပိုင်က ခုံကိုကန်ကာ ထသွားပြီး အပြင်ထွက်ကာ တစ်နေရာကိုထွက်သွားတော့တယ်။
....................................................................................
သစ္စာကတော့ နိုးလာလာခြင်း နာကျင်နေတဲ့အောက်ပိုင်းကြောင့် မျက်နှာရှုံမဲ့နေတယ်။

ဂုဏ်ရှိန်လဲ မှိုင်းတို့ရဲ့ အခြေအနေကြောင့် ဘာပြောရမှန်းကိုမသိတော့ဘူး..ဘယ်က ဘယ်လိုတွေဖြစ်ကြတာလဲ အရမ်းချစ်နေကြရာကနေ မှိုင်းက ဘာလို့ထဖောက်သွားတာလဲ..စဥ်းစားလေး မရလေမို့လို့ မှိုင်းက သူထင်သလိုမဟုတ်ဘူးဆိုတာ သိတာကြောင့် အခြေအနေကိုဆက်စောင့်ကြည့်လိုက်တော့မယ်။အခုတော့ အတွင်းထဲက ချာတိတ်ကိုကြည့်ရအုံးမယ် နိုးရင် မုန်းသွားလေမလားဆိုပြီး..

Daddyရဲ့ ချစ်ရပါသော baby(Completed)Where stories live. Discover now