Part 16

3.9K 225 3
                                    

သစ္စာကို ဂုဏ်ရှန်က တိုက်ခန်းခေါ်လာပြီး ကုတင်ပေါ်တင်ကာ စောင်အသာခြုံပေးပြီး ညစာအတွက်ပြင်နေလိုက်တယ်။ညနေလဲစောင်းနေပြီမို့လို့ သူလေးကို ဒီမှာပဲ အိပ်ခိုင်းလိုက်တော့မယ်။

သိပ်မကြာခင် အခန်းထဲက ကောင်လေးနိုးလာခဲ့တယ်။သစ္စာ ဂုဏ်ရှိန်ကိုကြောက်မိတယ် အကိုက ချစ်ပေမယ့် တအားကြီးအချစ်ကြမ်းတယ်။သူလက်မခံရဲဘူး။သူတွေးနေတုန်းရှိသေး အခန်းထဲ ဝင်လာတာကြောင့်် အနောက်နဲနဲဆုတ်မိသွားတယ်။အဲ့ဒါကိုမြင်တဲ့ ဂုဏ်ရှိန်က မျက်မှောင့်ကြုံ့ကာ

"အရှေ့ ပြန်တိုးခဲ့.."

သစ္စာ မငြင်းရဲတာကြောင့် အရှေ့ကိုတိုးပေးလိုက်တော့မှ မျက်မှောင်ကြုံ့တာလျှော့တော့တယ်။အူးဝါး ပိုင်ပိုင်ရေ ငါ ဒီလူကြီးကိုကြောက်တယ်လို့။

ဂုဏ်ရှိန် အရှေ့က ချာတိတ်ရဲ့ မျက်နှာက မိုးပြိုတော့မလို့ တဖြည်းဖြည်းမဲ့ပြီး ငိုချတော့မယ့် ကိန်းမြင်တာမို့လို့ အမြန်ပင်

"ချာတိတ် ဘာလို့မျက်ရည်ဝဲနေတာလဲ ထတော့ ညမိုးချုပ်နေပြီ ထမင်းစားပြိးမှပြန်အိပ်နော်"

သစ္စာခေါင်းသာငြိမ့်ပြလိုက်တယ်။

"အော် အဲ့ကောင်နဲ့ထပ်တွေ့ရင် ဘာလုပ်မယ်ပြောထားလဲ"

"ဟင် အပိုင်..အပိုင်သိမ်းမယ်လို့ ပြောထားတယ်"

"အင်း မှတ်မိရင်ပြီးရော ထတော့ ထမင်းစားမယ်"

ဂုဏ်ရှိန်မှာ နူးနူးညံ့ညံ့လေးဆက်ဆံချင်သော်လည်း ချာတိတ်လေးက အကြမ်းနည်းသုံးမှ စကားနားထောင်တာကြောင့် အကြမ်းနည်းသုံးနေရတယ်။အော် ငါလဲ မှိုင်းရဲ့ လမ်းစဥ်လိုက်မိတော့မယ် ဟူး။

အဲ့နေ့က သစ္စာက ဂုဏ်ရှန်အိမ်မှာပင်အိပ်လိုက်တော့တယ်။
........................................…....……………………….

နောက်တစ်နေ့

ထုံးစံအတိုင်း မှိုင်းက ပိုင်ပိုင်ကိုရေချိုးပေးပြီး အဝတ်အစားလဲပေးကာ ကျောင်းလိုက်ပို့ခဲ့တယ်။ပြီးတော့ အလုပ်သွားတယ်။

ဒီနေ့ ကျောင်းမှာ ကျောင်းသားအသစ်ရောက်မယ်ပြောထားတာကကြောင့် မိန်းကလေးတွေက ပွစ်ပွစိနဲ့ တီတိုးပြောနေကြတယ်။ပိုင်ပိုင်ကတော့ သူ့daddyမဟုတ်ရင် စိတ်မဝင်စားပေ။သစ္စာကလဲ ဂုဏ်ရှိန်ကိုကြောက်တာကြောင့် ဟိုအကိုကြီးနဲ့တွေ့တိုင်း အမြဲရှောင်နေရတယ်။

Daddyရဲ့ ချစ်ရပါသော baby(Completed)Where stories live. Discover now