∆1∆

3.2K 49 0
                                    

UNICODE

Oops! This image does not follow our content guidelines. To continue publishing, please remove it or upload a different image.


UNICODE

ℝ𝕦𝕝𝕖𝕤 𝕆𝕗 𝕋𝕙𝕖 ℍ𝕖𝕒𝕣𝕥

        𝕊𝕖𝕘𝕞𝕖𝕟𝕥{1}

မျက်နှာပေါ်အုပ်ကျနေတဲ့ဆံကေသာတွေကို
သပ်တင်လိုက်တာနဲ့တစ်ပြိုင်နက်
နှဖူးမှချွေးစက ပါးပြင်ထက်ကိုစီးဆင်းကာ
မေးရိုးတွေကိုကျော်ဖြတ်ကာဖြင့်
ညိုညစ်ညစ်ခြေဖဝါးထက်ကို
ပေါက်ခနဲကျလေသည်။

“ဟူး........”

သောကကင်းတဲ့လေပူတွေမှုတ်ထုတ်ရင်းမှ
ရဲရဲစိုနေတဲ့နှင်းဆီခြံကြီးကို ဝေ့ကြည့်မိတော့
စိတ်ထဲအတော်လေးသက်သာ၏။

“ပင်ပန်းရကျိုးနပ်အောင် ကောင်းကောင်းမွန်မွန်
ကြီးထွားလာတာပဲ!!.....”

ပါးစပ်လှုပ်ရုံပြောရင်း နှုတ်ခမ်းတစ်ဖက်
တွန့်လိုက်ပုံက ခပ်ရေးရေးရှိနေတဲ့
နှုတ်ခမ်းမွှေးတွေကိုအပေါ်တိုးတက်သွားစေသည်။

ခက်ရင်းခွနဲ့ပေါက်တူးသေးသေးကိုကိုင်ရင်းမှ
သစ်သားအိမ်လေးထဲဝင်လာခဲ့တော့
အစီအရီရှိနေခဲ့တဲ့ပန်းချီကားတွေကလဲ
သူ့ရဲ့‌ဂုဏ်ယူစရာတစ်ခုပင်....။

ရေအိုးကရေတစ်ခွက်ခပ်ရင်းသောက်လိုက်တော့
လျှံကျလာတဲ့ရေစက်တွေက ချွန်ထက်ထက်
လည်စေ့ကိုဖြတ်သန်းကာ ခပ်ပါးပါးဝတ်ထားတဲ့
စွပ်ကျယ်လက်ပြတ်ကြောင့် မွှေးညှင်းစိမ်းတွေရှိတဲ့
ရင်အုပ်ကျယ်နဲ့ အသားကပ်စွပ်ကျယ်
တစ်သားတည်းဖြစ်သွားလေ၏။

ချောင်းကြည့်နေမိတဲ့ မိအေးတံတွေးမြိုချရင်း
ကြိတ်ပြုံးရသည်။
ဒီလူကြီးဘာလို့ဒီလောက်တောင်ခန့်ညားနေပါလိမ့်...။

ဒီရက်ပိုင်းမဲသွားခဲ့တဲ့အသားအရေတွေက
ခန့်ညားတဲ့ထိုလူကိုလာလာချောင်းရလို့ဆိုတာ
ဝန်ခံပါတယ်....။
အခုလဲနေပူကျဲတဲထဲရပ်နေရပေမဲ့
ဆွဲဆောင်မှုရှိလှတဲ့ပုံရိပ်တွေကသူမကို
အေးမြမှုတွေပေးနေသည်လေ....။
ခန့်ညားလိုက်တာနော်!!!


Rules Of The Heart {Complete}Where stories live. Discover now