UNICODE
ℝ𝕦𝕝𝕖𝕤 𝕆𝕗 𝕋𝕙𝕖 ℍ𝕖𝕒𝕣𝕥
𝕊𝕖𝕘𝕞𝕖𝕟𝕥{14}
“ဟပ်ချိုး.....”
စောင်စကြီးခြုံထားတဲ့ထဲကမှ
နှာတွေဇွတ်ချည်နေတဲ့သူမကို
စိတ်မကောင်းသလိုကြည့်မိသည်။“ဘယ်လိုဖြစ်လို့အစောကပုံဖြစ်လာတာလဲ.....”
ဆေးယူနေရင်းမှလှည့်မေးတဲ့သူ့ကြောင့်
ရာရာ အင်ခနဲဖြစ်သွားရင်းမှ
အမှန်အတိုင်းမပြောရန်သာဆုံးဖြတ်မိ၏။
မဟုတ်ရင်ကိုယ့်အတွက်ကြောင့်နဲ့သူက
အလကားစိတ်မသက်မသာဖြစ်နေအုံးမယ်!!ပြောကာမှအစောကအဖြစ်အပျက်ကိုမြင်ယောင်ကာ
ရာ့ရာ့နှုတ်ခမ်းတွေတားမရအောင်ပြုံးမိသည်။“အခုလိုပုံစံကရာရာ့ကိုစိတ်ပူလို့မလားဟင်....”
“ဟင်....”
ဟင်ခနဲဖြစ်သွားတဲ့သူ့ကြောင့်ရာရာ
မော့ကြည့်ရင်းမှ“ဟုတ်လားဦးမိတ် ရာရာ့ကိုစိတ်ပူလို့မလား....”
ကိုယ့်ဘက်ကအရင်နမ်းလိုက်မိပေမဲ့လဲ
ရာရာ မရှက်နိုင်ပဲနဲ့မျက်ရည်တွေကျဆင်းရင်းမှ
ပြန်မေးတော့တော်တော်ကြာငြိမ်ကျသွားတဲ့သူက
မျက်နှာပေါ်ကျဆင်းနေတဲ့မိုးရေတွေကို
ပွတ်သပ်ကာ“ဟုတ်တယ် စိတ်ပူလို့
မင်းကိုငါတကယ်စိတ်ပူလို့.....”ဝမ်းနည်းခြင်းမျက်ဝန်းတွေကတဖြည်းဖြည်း
လင်းလက်လာရင်းမှ ရာရာ့နှုတ်ခမ်းလေးတွေပြုံးကာဖြင့် သူ့ကိုအားရဝမ်းသာလှမ်းဖက်လိုက်မိသည်။“ကျေးဇူးတင်ပါတယ် ရာရာ့ကိုအခုလို
ဂရုစိုက်ပေးလို့....”
YOU ARE READING
Rules Of The Heart {Complete}
Romanceသတ်မှတ်ထားတဲ့နှလုံးသားစည်းမျဉ်းတွေထဲမှာ ဦးကိုလက်လျော့ဖို့မပါဘူး....။ သတျမှတျထားတဲ့နှလုံးသားစညျးမဉြျးတှထေဲမှာ ဦးကိုလကျလြော့ဖို့မပါဘူး....။ #နှောင်းငယ်