∆9∆

502 18 0
                                    

UNICODE

Oops! This image does not follow our content guidelines. To continue publishing, please remove it or upload a different image.

UNICODE

ℝ𝕦𝕝𝕖𝕤 𝕆𝕗 𝕋𝕙𝕖 ℍ𝕖𝕒𝕣𝕥

        𝕊𝕖𝕘𝕞𝕖𝕟𝕥{9}

“ကျစ်.....”

မူးနောက်နေတဲ့ခေါင်းကြောင့်မိတ် ထထိုင်လိုက်ရင်းမှ
နားထင်ကိုဖိထောက်ကာ စိတ်ရှုပ်သွားမိသည်။
ဘာမှမဆိုင်တဲ့သူမကိုစိတ်ဆိုးတကြီး
မောင်းထုတ်မိတာသူမှားပြီလား????
သူမကရောဘာကြောင့်သူ့အခန်းထဲရောက်နေတာလဲ??

သူ့အော်သံကြားလို့ရောက်လာတယ်ဆိုတာ
နှလုံးသားထဲကယုံနေပေမဲ့ စိတ်ကလက်မခံ!!!
သူ့ကိုမကောင်းတာတစ်ခုခုမလုပ်ဘူးဆိုတာ
သေချာနေရဲ့သားနဲ့စိတ်အလိုအတိုင်း
အော်လိုက်မိတာ

“မင်းကိုတောင်းပန်ပါတယ်....”

တိတ်တဆိတ်ပြောရင်းမှ အောက်ဆင်းလာကာ
ရေအိုးထဲကရေတစ်ခွက်ခပ်သောက်၍
မနေ့ကမိုးရေအေးအေးကိုချိုးချပြစ်လိုက်သည်။

အဖျားဓာတ်ရှိနေတာမို့မိုးရေထပ်ချိုးတဲ့အခါ
သူ့ကိုယ်ကချမ်းတုန်သွားပေမဲ့
ရင်ထဲမှာတော့မအေးခဲ့ပဲ.....။

∆∆∆∆∆

“အင့် မကောင်းတဲ့ဦးမိတ်
ရာရာ့ကိုဘာလို့အော်ရတာလဲ
သူရိုက်လိုက်လို့သူများကနာသွားတာကို....”

စကားပြောတာတောင်သွားနဲ့ထိရင်နာပေမဲ့
စိတ်ထဲမှာဘယ်လိုမှသိမ်းဆည်းမရတာကြောင့်
ဘယ်သူမှမရှိတဲ့လမ်းမကြီးပေါ်မှာ
အော်ကြီးဟစ်ကျယ်စိတ်တိုင်းကျငိုနေမိသည်။

“ရာရာဘာလုပ်လို့လဲ အော်သံကြားလို့
စိုးရိမ်ပြီးဝင်လာတာကိုမတအားအော်တာ
သူ့တုန်းကကျလူကိုပညာပေးချင်တာလေးနဲ့
အခန်းထဲထိချီပြီး အဓ္ဓမကျင့်တော့မလိုပဲ...
အီး မကောင်းတဲ့လူကြီး ရာရာရှင့်ကိုမုန်းတယ်.”

Rules Of The Heart {Complete}Where stories live. Discover now