∆5∆

645 22 0
                                    

UNICODE

К сожалению, это изображение не соответствует нашим правилам. Чтобы продолжить публикацию, пожалуйста, удалите изображение или загрузите другое.

UNICODE

ℝ𝕦𝕝𝕖𝕤 𝕆𝕗 𝕋𝕙𝕖 ℍ𝕖𝕒𝕣𝕥

        𝕊𝕖𝕘𝕞𝕖𝕟𝕥{5}

တဖြေးဖြေးသတိဝင်လာတာကြောင့်
ရာရာ ထထိုင်လိုက်တဲ့အခါ အစောက
အိပ်ယာထက်မှာပဲရှိနေသေးတာဖြစ်၏။
အိတ်ကပ်ထဲရှိနေတဲ့ဖုန်းကိုထုတ်ကာ
နာရီကြည့်တော့ ၁၁ထိုးနေပြီ....။

‌ရာရာ ကြောက်အားလန့်အားနဲ့ကိုယ့်ကိုကိုယ်
ပြန်ငုံ့ကြည့်လိုက်ပေမဲ့ဘာမှယိုယွင်းပျက်စီးတာ
မရှိတာကြောင့်အလန့်တကြားနဲ့ကုတင်ပေါ်က
ထကာ အောက်ထပ်ကိုအပြေးဆင်းလာခဲ့သည်။

စိတ်ထဲမှာလဲတော်တော်လေးကြောက်ရွံ့သလို
ဘာမှလွန်လွန်ကျူးကျူးမလုပ်ထားတဲ့သူ့ကို
ကျေးဇူးလဲတင်မိ၏။
ရာရာသတိမေ့နေချိန် သူမဟုတ်တာလုပ်လိုက်လို့
ရသားပဲ!!!

ဘာမှန်းမသိပဲစိတ်ထဲကသူ့ကိုအထင်ကြီးနေမိတာ
သို့ပေမဲ့အနည်းငယ်တော့လန့်နေသေးတာမို့
အနွေးထည်ကိုသေချာဆွဲစိရင်းအိမ်ထဲကခပ်သုတ်သုတ်ထွက်လာခဲ့သည်။
ကံကောင်းတာကသူကတံခါးကိုလဲအဆင်သင့်
ဖွင့်ပေးထားခြင်းကြောင့်ဖြစ်၏။

ဒီလိုဆိုသူရာရာ့ကိုနဂိုထဲက
အလွတ်ပေးဖို့ရှိနေပြီးသားလား???
တမင်ပဲခြောက်လန့်တာလား...
ဒါမှမဟုတ် သူ့မှာအဲ့လိုမကောင်းတဲ့စိတ်ရှိနေတာလား??

ယုံတစ်ဝက်မယုံတစ်ဝက်နဲ့ကို အိမ်ကိုသာ
ပြန်ရောက်ချင်ဇောနဲ့ခပ်သွက်သွက်လျှောက်လာခဲ့မိ၏။

“ဟိတ် ကောင်မလေး ဒီအချိန်ကြီး
တစ်ယောက်ထဲလား....”

ခေါ်တဲ့လူကိုလှမ်းကြည့်လိုက်တော့
ဖိုးဖိုးတို့ပန်းရောင်းတဲ့ဈေးထဲကိုသွားရင်
အမြဲတမ်းတွေ့ရတတ်တဲ့အဖိုးကြီး
ပုံစံကြီးကဘယ်လိုမှန်းမသိတာကြောင့်
လာကြည့်ရင်တောင်ကြက်သီးထတာကို
အခုတော့သူနဲ့ကိုယ်ကမျက်နှာချင်းဆိုင်!!!!

Rules Of The Heart {Complete}Место, где живут истории. Откройте их для себя