∆20∆

574 17 1
                                    

UNICODE

Oops! This image does not follow our content guidelines. To continue publishing, please remove it or upload a different image.

UNICODE

ℝ𝕦𝕝𝕖𝕤 𝕆𝕗 𝕋𝕙𝕖 ℍ𝕖𝕒𝕣𝕥

        𝕊𝕖𝕘𝕞𝕖𝕟𝕥{20}

“မဟာမိတ်ဆိုတာ မင်း သမီးလေးရဲ့
အဖေလား.....”

“မဟုတ်ခဲ့ဘူး.....”

မေးခွန်းကိုတော်တော်ကြာကြာအချိန်ယူပြီးမှ
ပြန်ဖြေတဲ့မာမီ့အသံက ဝမ်းနည်းသံမစွတ်ပေမဲ့
မျက်ရည်တွေတော့ကျလာလေ၏။
နားထောင်လိုက်ရတဲ့ရာရာ့မှာလဲ
အရူးတစ်ပိုင်းနဲ့ အိပ်ငွေ့ချခံရတဲ့မာမီ့ကို
မယုံကြည်နိုင်သလိုကြည့်ကာ မျက်ရည်တွေ
စီးကျလာမိသည်။

ရာရာခံပြင်းလိုက်တာ ဘဝတစ်ခုလုံး
ယုံကြည်သွားရမဲ့ကိစ္စကိုမာမီဘာကြောင့်
အလွယ်တကူ ခေါင်းညိမ့်နိုင်တာလဲ???
ရာရာဟာဦးနဲ့ရတဲ့သမီးမဟုတ်တာတောင်
မာမီဟာဘာကြောင့်ညာခဲ့တာလဲ???

တွေ့ထားခဲ့မိတဲ့ဓာတ်ပုံဟာ
အမှန်လို့ထင်နေပေမဲ့မဟုတ်ပါစေနဲ့သာ
ဆုတောင်းရင်းမှ ရာရာထိုအဆောက်အဦးထဲက
အမြန်ပြေးထွက်လာမိ၏။
မာမီညာရက်တယ် ....ရာရာ့ရဲ့ဝေဒနာကို
မြင်နေရဲ့သားနဲ့ မာမီဟာစိတ်ဆန္ဒအတိုင်း
ညာရက်တယ် ဒါဆိုဘာကြောင့်လဲ.....>

အရင်းအမြစ်ဟာဦးမိတ်ပဲမို့ ရာရာကားငှားရင်းမှ
စိတ်တင်းရင်းတက်ကာ ရေပြာရွာကို
ရောက်လာခဲ့သည်။
ပထမဆုံးအကြိမ်တစ်ယောက်ထဲ
ကားစီးခြင်းဟာ ရာရာ့ရင်ကိုအဆမတန်
တုန်စေ၏။
ပြီးတော့သိလိုက်ရတဲ့အကြောင်းကပိုလို့တောင်
ရင်တုန်စေသည်။

“ဦးလေး မြန်မြန်လေးမောင်းပေးပါနော်
သမီး ပိုက်ဆံပိုပေးပါ့မယ်.....”

နေ့လည်အချိန် ပူပြင်းပြင်းနေအောက်မှာ
‌သွားနေတဲ့ကားကအရှိန်တင်ရင်းမှ
ရေပြာရွာကိုမောင်းလာခဲ့၏။

Rules Of The Heart {Complete}Where stories live. Discover now