∆24∆

613 16 0
                                    

UNICODE

Oops! This image does not follow our content guidelines. To continue publishing, please remove it or upload a different image.

UNICODE

ℝ𝕦𝕝𝕖𝕤 𝕆𝕗 𝕋𝕙𝕖 ℍ𝕖𝕒𝕣𝕥

        𝕊𝕖𝕘𝕞𝕖𝕟𝕥{24}

မနက်လင်းတာနဲ့ မိတ်နိုးတဲ့အခါ
သူမဟာမရှိတော့.....။
ဟိုဟိုဒီဒီလိုက်ကြည့်ပေမဲ့အခန်းထဲမှာ
ရှိနေသေးတဲ့အရိပ်အယောင်မတွေ့တာကြောင့်
ရေချိုးခန်းထဲဝင်ကြည့်တော့လဲမရှိ....။

သူရေချိုးရင်းဆင်းလာတော့စားပွဲပေါ်မှာပြင်ထားပြီးသားမနက်စာဝိုင်းနဲ့အတူ သူမရဲ့အရိပ်လေးကိုတော့
အခုထိတောင်မတွေ့ရ....။
ဘာတွေလဲဆိုတာသွားကြည့်လိုက်တော့
ထမင်းကြော်ပဲဖြစ်ကာ သူမလက်ရာမို့
မရိုးနိုင်အောင်စားချင်သည်။

ခြံထဲဆင်းကြည့်တဲ့အခါ ပေါက်နေသော
မြက်ပင်တွေကိုအားရှိပါးရှိဆွဲနှုတ်နေသော
သူမကိုတွေ့လိုက်ရ၏။
လက်ကဒဏ်ရာကိုစိုးရိမ်တာကြောင့်
မိတ်အပြေးသွားရင်းသူမလက်ကိုဆွဲလိုက်တော့
မြက်တွေဆုပ်ထားလျက်နဲ့ပါလာသည်။

“ဘာတွေလျှောက်လုပ်နေတာလဲကွာ......”

“ဦးမိတ်မလုပ်ရအောင်လုပ်ပေးတာလေ......”

“ကျစ် မလိုဘူး အဲ့တာတွေချထားလိုက်......”

“မရဘူး ပြီးအောင်လုပ်မှာ......”

“ရာရာ ကိုယ်ပြောတာနားထောင်ကွာ......”

“ဦးမိတ်ပဲရာရာပြောတာနားထောင်ရမှာ......”

“ဟာကွာ.....”

တကယ့်ကိုဇွတ်တရွတ်လေးဖြစ်နေတဲ့သူမက
အရင်ပုံစံလေးပေမဲ့ စိုးရိမ်နေတဲ့သူ့မှာတော့
သူမကိုဒါတွေမကိုင်စေချင်......။
အေးဆေးလေးနေပြီး သူ့အနားမှာငြိမ်ငြိမ်လေး
နေစေချင်တာအမှန်ပါ.....။

“ဦးမိတ်အိမ်ထဲပြန်ဝင်ပါ ရာရာ
ဒီမြက်ပင်တွေကိုပြီးအောင်ရှင်းပြီးမှ
စိတ်အေးနိုင်မယ်.....”

Rules Of The Heart {Complete}Where stories live. Discover now