∆2∆

1K 28 0
                                    

UNICODE

ओह! यह छवि हमारे सामग्री दिशानिर्देशों का पालन नहीं करती है। प्रकाशन जारी रखने के लिए, कृपया इसे हटा दें या कोई भिन्न छवि अपलोड करें।

UNICODE

ℝ𝕦𝕝𝕖𝕤 𝕆𝕗 𝕋𝕙𝕖 ℍ𝕖𝕒𝕣𝕥

        𝕊𝕖𝕘𝕞𝕖𝕟𝕥{2}

ညဘက်မို့တိုက်ခတ်လာတဲ့လေအေးတွေကြောင့်
ဒရင်းဘတ်ပေါ်လှဲရင်းမှ လေတွေကိုတစ်ဝကြီး
ရှုရှိုက်လိုက်တဲ့အခါ တစ်နေကုန်ပင်ပန်းထားသမျှ
ယူပြစ်လိုက်သလိုပျောက်ကင်းလေသည်။

သစ်သားအိမ်ဝန်းကျင်မှာသက်ရင့်ပင်တွေ
ရှိနှင့်သလို နှင်းဆီခြံကြီးကလဲကျယ်ပြောတာမို့
လေနဲ့အတူဝဲပါလာတဲ့နှင်းဆီရနံ့သင်းသင်းက
လူကိုကျန်းမာစေသည့်နှယ်....။

‌အနည်းငယ်ပူပူလေးဖြစ်နေသေးတဲ့ကော်ဖီကို
မှုတ်သောက်ရင်းမှ ကောင်းကင်ကိုမော့ကြည့်လိုက်တဲ့အခါ ကြယ်လေးတွေကမှိတ်တုတ်မှိတ်တုတ်
ဖြစ်နေ၏။

ကြည့်ရင်းသောက်ရင်းနဲ့ကော်ဖီလဲကုန်သွားပြီမို့
ဒရင်းဘတ်ကိုခေါက်ရင်းအိမ်ရဲ့နံရံမှာထောင်ကာ
အထဲကိုဝင်လာခဲ့သည်။

ဗိုက်လဲမဆာတာမို့ထမင်းမစားပဲအိပ်ယာဝင်လိုက်ရင်းမှ ထုံးစံအတိုင်းအတိတ်ကိုတွေးမိ၏။
တည်ငြိမ်နေတဲ့စိတ်တွေဆူပွက်လာရင်းမှ
အိပ်ယာခင်းကိုကျစ်ကျစ်ဆုပ်၍မျက်ဝန်းထောင့်မှ
မျက်ရည်တစ်စက်စီးကျသွားခဲ့သည်။

မမေ့နိုင်တဲ့အမှတ်တရဟောင်းတွေ....။
နာကျင်စရာအတိတ်ပုံရိပ်တွေ.....။
တစ်ချက်လေးလွဲမိတာနဲ့ဘဝကြီးပါ
ပေးဆပ်ခဲ့ရတဲ့အခြေအနေတွေ....။
အေးချမ်းစွာနေနေတဲ့သူ့ဘဝမှာဒါတွေ
ရှိခဲ့တယ်ပြောရင် လူတွေယုံမလား???

တစ်ယောက်တည်းနေရတဲ့ဘဝမှာအသားကျနေပေမဲ့
ရည်မှန်းချက်တွေတိမ်းစောင်းခဲ့တဲ့အခါ
သူ့ဘဝကြီးသေသွားသလိုပါပဲ!!!

Rules Of The Heart {Complete}जहाँ कहानियाँ रहती हैं। अभी खोजें