🍁1🍁

514 27 19
                                    

Unicode

*ring...ring*

စားပွဲပေါ်မှ ဖုန်းသံမြည်လာတာကြောင့် တီးနေသည့်ဂစ်တာလေးကို ခဏဘေးချကာ contact name ကိုကြည့်လိုက်တော့ သူ့ရဲ့မန်နေဂျာဖြစ်သူ မင်ဂျယ် hyung။

"ဟယ်လို.."

"ဟယ်လို! ယွန်းဂီ..၊ ဘယ်လိုလဲ..နေရ ထိုင်ရတာ အဆင်ပြေတယ်မလား..?"

"omm..မဆိုးပါဘူး..၊ ဒီနားမှာ အိမ်ခြေတွေကလည်းမရှိတော့ တိတ်ဆိတ်ပြီး နေလို့ကောင်းတယ်။ ကျွန်တော်ကြိုက်ပါတယ်..."

"အေး..အေး..မင်းကြိုက်တယ်ဆိုလို့ တော်သေးတယ်။ ငါက မင်း အဆင်မှပြေပါ့မလားလို့.."

"ကျွန်တော် အဆင်ပြေပါတယ်.."

"ဒါဆို ပြီးရော..၊ တစ်ခုခုလိုတာရှိရင် ဖုန်းဆက်၊ အင်ဂျင်စီက မင်းကို တစ်လခွင့်ပေးထားတယ်..၊ အဲ့ဒီအတောအတွင်း ကောင်းကောင်းအနားယူလိုက်ပေါ့.."

"ဟုတ်ကဲ့..hyung.."

ဖုန်းချပြီးတာနှင့် ဘေးနားမှာ puppy eyes များဖြင့် လာရပ်နေသော Brownie ကြောင့် ယွန်းဂီ စုတ်တစ်ချက်သပ်ကာ..

"မင်းကို ခုနကပဲ ကျွေးပြီးသွားပြီလေ.."

ဒါလည်း မသွားသေး။
အော်...တစ်ယောက်တည်းဖြစ်နေမှာစိုးလို့ အဖော်ရအောင် ခွေးလေးတစ်ကောင်ခေါ်လာပါတယ်။ ဘယ်လိုတောင် အစားသောင်းကြမ်းတာလဲ။

"ကဲ..ကဲ...ကျွေးမယ် ဟုတ်ပြီလား.."

ထိုအခါမှ အမြှီးတစ်နှံ့နှံ့နှင့်။ ဒီလိုဆိုတော့လည်း အပြစ်ကင်းစင်တဲ့ innocent dog လေးလိုလို။

ကျေးငှက်သာရကာသံတွေဆူညံနေတဲ့ ဒယ်ဂူတောအုပ်အလယ်က ဘန်ဂလိုလေးမှာ ယွန်းဂီနေရသည်မှာ တကယ်ကို သက်သောင့်သက်သာဖြစ်ပါသည်။

လွန်ခဲ့တဲ့ရက်ပိုင်းတွေက D day album အတွက် ပြင်ဆင်နေရတာနဲ့တင် ကိုယ့်ကိုယ်ကို သေချာအနားမပေးရတာတောင် ကြာခဲ့ပြီ။

အခု album လည်း ထွက်ပြီးသွားပြီဆိုတော့ စိတ်ရောကိုယ်ပါအနားပေးချင်တာနဲ့ အင်ဂျင်စီကခွင့်တောင်းခဲ့သည်။

ခွင့်ရတာနဲ့တစ်ပြိုင်နက် မင်ဂျယ် hyung ကလည်း သူနေဖို့ ဒယ်ဂူက ဘန်ဂလိုလေးတစ်လုံးကိုစီစဥ်ပေးသည်။ ဒီကိစ္စနှင့်ပတ်သက်ပြီး အင်ဂျင်စီကလွဲ၊ fan တွေတောင်မသိကြပါ။
ဒါကြောင့်လည်း အင်ဂျင်စီက ဝန်ထမ်းတွေ၊ ဘော်ဒီဂတ်တွေ တစ်ယောက်ကိုမှမခေါ်ဘဲ တစ်ကိုယ်လည်းလာခဲ့ခြင်းပင်။

Come Back (Complete)Where stories live. Discover now