🍁7🍁

165 19 4
                                    

Unicode

ယွန်းဂီတို့နှစ်ယောက်လုံး အိမ်ပြန်ရောက်တော့ အချိန်က ညနေ ၇ နာရီပင်ထိုးတော့မည်။
နောက်ပြီး ထယ်ယောင်း၏ကောင်းမှုကြောင့် နှစ်ယောက်စလုံး ကြွက်စုတ်လေးတွေလို ရေတွေဖြင့် ရွှဲရွှဲစိုနေသည်။

"အင်္ကျီမြန်မြန်သွားလဲတော့ ထယ်ယောင်း.."

ရေစိုနေသော အင်္ကျီကိုမလဲသေးပဲ တုံနိဘာဝေ လုပ်နေသော ထယ်ယောင်းကို ယွန်းဂီတစ်ချက်ဟောက်လိုက်သည်။

ထိုအခါမှ အခန်းထဲသို့ အင်္ကျီလဲရန် ခြေဦးလှည့်တော့သည်။

အခန်းထဲမဝင်ခင်လည်း ပြောသွားပါသေးသည်။

"ငါ ဗိုက်အရမ်းဆာတာပဲ ယွန်းဂီ.."

ထို ကင်မ်ထယ်ယောင်းဆိုသော လူသားကိုတော့ ယွန်းဂီ တကယ်ကိုမနိုင်တော့ပါ။
သူက သူများအိမ်ကိုလည်း လာသေးတယ်။ မသိရင် သူကအိမ်ကြီးရှင်လို။

ယွန်းဂီ အနည်းငယ်ပြုံးယောင်သမ်းမိလျက် များများစားစား ဆက်မစဥ်းစားတော့ပဲ ထယ်ယောင်းစားဖို့ရာ တစ်ခုခုလုပ်ရန် စဥ်းစားနေမိသည်။

သူ့ရဲ့ ပထမစိတ်ကူးကတော့ အသားကြိုက်တဲ့ထယ်ယောင်းအတွက် ဝယ်လာတဲ့အသားတွေကို ကင်ပေးမယ်ပေါ့။ ဒါပေမယ့် ဗိုက်ဆာနေပြီဆိုတော့လည်း
မစောင့်နိုင်မှာစိုးတာကြောင့် ဝယ်လာတဲ့ ခေါက်ဆွဲကိုသာ အသားများနှင့် ပြုတ်ပေးလိုက်သည်။

အရာရာကို ခပ်မြန်မြန်လုပ်တတ်တဲ့ယွန်းဂီက ထယ်ယောင်းအခန်းထဲမှ မထွက်လာသေးခင်ပေ
ခေါက်ဆွဲပြုတ်ညစာလေးအား စီစဥ်ပြီးသွားပြီဖြစ်သည်။

ခဏအကြာ စပို့ရှပ်အဖြူအပွလေးဖြင့် ရေစများအနည်းငယ်ရှိနေသော ဆံနွယ်တို့အား လက်ဖြင့်
ခပ်ဖွဖွပွတ်လျက် အခန်းထဲမှ ထယ်ယောင်းထွက်လာပါသည်။

ထမင်းစားပွဲတွင် အဆင်သင့်ထိုင်နေသော ယွန်းဂီကိုတွေ့တော့ အနည်းငယ်အံဩသွားသည့်ဟန်။

"မင်း... အရမ်းမြန်တာပဲ ယွန်းဂီ"

ထိုသို့ပြောရင်း ထယ်ယောင်းသည် ထိုင်ခုံတွင်ဝင်ထိုင်လိုက်ကာ သူ့ရှေ့က အငွေ့တစ်ထောင်းထောင်းထနေသော ခေါက်ဆွဲပြုတ်ကို မမှိတ်မသုန်
စိုက်ကြည့်နေလေသည်။

Come Back (Complete)Where stories live. Discover now