🍁5🍁

182 20 2
                                    

Unicode

*ring..ring*

စားပွဲပေါ်မှ မြည်လာသော ထယ်ယောင်း၏ဖုန်းသံကြောင့် ယွန်းဂီဘာရယ်ဟုတ် ကြည့်လိုက်တော့ contact name ၌ ​'အမေ' ဟု ရေးထားသည်ကို ရိပ်ကနဲတွေ့လိုက်ရသည်။

"ယွန်းဂီ ခဏနော်.."

ထယ်ယောင်းကတော့ ဖုန်းကိုင်ကာ ခြံထဲဆင်းသွားသည်။

ခြံထဲကို လှမ်းကြည့်မိတော့ ဖုန်းသာပြောနေတာ ဘာမှပြန်မပြောပဲ ငြိမ်သက်နေသောထယ်ယောင်းကြောင့် ယွန်းဂီတစ်မျိုးတွေးပူရပြန်သည်။
ဖုန်းထဲက တစ်ဖက်လူက ဘာတွေများပြောနေလို့လဲ..?

ထယ်ယောင်းက တော်တောင် စိတ်ဓာတ်လည်းမကျတတ်သလို ငယ်ငယ်ကတည်းက စိတ်ဓာတ်မာကျောသည့်ကလေးတစ်ယောက်၊ ဒါတောင်မှ ဘယ်လိုအကြောင်းအရာတွေက သူ့ကို အခုလို နှုတ်ဆိတ်နေစေတာလဲ..?

၁၅ မိနစ်လောက်အကြာမှာတော့ ထယ်ယောင်းအိမ်ထဲပြန်ဝင်လာခဲ့သည်။

"ထယ်ယောင်း.."

တစ်ခုခုကို နက်နက်နဲနဲစဥ်းစားနေသယောင် ထယ်ယောင်းက သူ့အသံကြားမှ သတိဝင်လာဟန်။

"အော်.. ယွန်းဂီ.. ဘာလဲ.ပြောလေ.."

ထုံးစံအတိုင်း အပြုံးလေးဖြင့် မေးလာသောထယ်ယောင်းကြောင့် ယွန်းဂီ သက်ပြင်းတစ်ချက်ချကာ..

"ဘယ်သူလဲ..."

"အာ.. ဒီတိုင်း သူငယ်ချင်းတစ်ယောက်ပါ.."

"....."

ထိုသို့ပြောပြီး အထဲသို့ဝင်သွားသောထယ်ယောင်းကြောင့် ယွန်းဂီမှာ အတွေးများစွာဖြင့် ဆွံ့အနေဆဲ။

သူ သေချာမြင်လိုက်ပါတယ်။
ဒါဆိုဘာလို့ ထယ်ယောင်းက....

🍁🍁

"ယွန်းဂီရား..~ မင်းရေခဲသေတ္တာထဲမှာ ဘာမှလည်း သိပ်မရှိတော့ဘူး..

ရေခဲသေတ္တာကိုဖွင့်ရင်း မျက်မှောင်ကျုံ့ကာ ပြောနေသည့် ထယ်ယောင်းရယ်ပါလေ။

"ငါက တစ်ယောက်တည်းနေတာမို့လို့ အစကတည်းက အများကြီးမဝယ်ထားဘူး။ အခု မင်းကြောင့် ဝယ်ထားတာတွေ မရှိတော့တာလေ.."

ထုံးစံအတိုင်း ယွန်းဂီ ခပ်တည်တည်နှင့်ဟောက်လိုက်တော့ သူ့အကြောင်းသူသိသည်ထင် ဇတ်ကလေး ပုဝင်သွားသည်။

Come Back (Complete)Where stories live. Discover now