🍁Final🍁

246 20 0
                                    

Unicode

"ဒါ ဒီတစ်ပတ်အတွက် schedule၊ တစ်ချက်ကြည့်ကြည့်လိုက်ဦး..."

"ဟုတ်ကဲ့ မင်ဂျယ် hyung.. ကျွန်တော်
သေချာကြည့်လိုက်ပါ့မယ်.."

ထိုသို့ပြောပြီး မကြည့်သေးတဲ့ ယွန်းဂီကြောင့်
မင်ဂျယ် စုတ်တစ်ချက်သပ်လိုက်ရင်း..

"ဟေ့... ကြည့်မယ်ပြောပြီး ဟိုတစ်ခေါက်ကလို မေ့နေဦးမယ်နော်.."

မင်ဂျယ် hyung ၏ စကားကို ယွန်းဂီက ပြုံးလျက်ပင်..

"ကျွန်တော်မမေ့ပါဘူး.."

"သူထွက်သွားတာ နည်းနည်းတောင်ကြာသွားပြီနော်.."

အဆက်အစပ်မရှိ ပြောလိုက်သော်လည်း
မင်ဂျယ် hyung ၏ စကားကို ယွန်းဂီသဘောပေါက်ပါသည်။

"၂ နှစ်.."

"ဟမ်..?"

"သူထွက်သွားတာ ၂နှစ်ရှိပြီ.."

"အော်.. ၂နှစ်တောင်ရှိသွားပြီပဲ..၊ သူ အဆင်ရောပြေရဲ့လား..?"

"ဟိုတစ်ပတ်က ခွဲစိတ်မှုလုပ်လိုက်ရပေမယ့် ခုတော့ သက်သာတယ်ပြောတယ်.."

အေးအေးလူလူပင်ပြန်ဖြေသည့် ယွန်းဂီကိုကြည့်ရင်း မင်ဂျယ်က အနည်းငယ်စိတ်ချသွားဟန်။
ဘယ်လိုပဲဖြစ်ဖြစ် လွန်ခဲ့တဲ့ နှစ်တွေထက်တော့ ယွန်းဂီ၏ စိတ်အခြေအနေဟာ တော်တော်ကောင်းမွန်လာသည် ပြောရမည်။

အဲ့တုန်းက ယွန်းဂီ ဘယ်လောက်ပြိုလဲနေခဲ့လဲဆိုတာ သူအသိဆုံး။

"အင်းပါ... သူ မြန်မြန်ပြန်လာဖို့ ငါမျှော်လင့်ပါတယ်.."

မင်ဂျယ် hyung က ပုခုံးတစ်ဖက်ကို အသာပုတ်ပြီးပြောတော့..

"သူသေချာပေါက်ပြန်လာမှာပါ.."

မင်ဂျယ် hyung အခန်းထဲကထွက်သွားတော့ နားနေခန်းထဲဝယ် ယွန်းဂီတစ်ယောက်တည်း ကျန်ခဲ့သည်။
.
.
.

လွန်ခဲ့သော ၂နှစ်..

ယွန်းဂီ airport ထဲမှ ထွက်လာကာ ကားထဲသို့ အလျင်အမြန်ဝင်ထိုင်လိုက်ရင်း ထိန်းချုပ်ထားသည့်မျက်ရည်စက်များဟာ အတားအစီးမရှိ လိမ့်ဆင်းလာတော့သည်။

ထယ်ယောင်း၏ နှလုံးဟာ မွေးရာပါအားနည်းမှုကြောင့် နောက်နှစ်လအတွင်းသာ အစားထိုးခွဲစိတ်မှုမလုပ်ရင် အသက်အန္တရယ်ရှိနိုင်သည်တဲ့။

Come Back (Complete)Where stories live. Discover now