🍁3🍁

193 22 39
                                    

Unicode

ထွက်ပေါ်ကာစ ရောင်နီဦးနှင့်အတူ ညကမိုးအနည်းငယ်ရွာထားသည့်အရှိန်ကြောင့် ယွန်းဂီနေထိုင်ရာ ဘန်ဂလိုအနီးနားက တောအုပ်လေးဟာ မိုးစက်လေးများခိုကပ်လျက် အေးချမ်းသာယာဖွယ်ရှိလှသည်။

လန်းဆန်းသော မနက်ခင်းနှင့်အတူ ယွန်းဂီတစ်ယောက် ကြည်ကြည်လင်လင်နိုးထလာခဲ့သည်။
အိပ်ယာဘေးက ပြတင်းပေါက်အပြင်ဘက်ကို ကြည့်လိုက်ချိန်မှာတော့ စိုစွတ်နေသောတောအုပ်လေးနှင့်အတူ ကောင်းကင်ပေါ်မှ ခပ်ရေးရေးသက်တန့်လေးကိုပါ တစ်စွန်းတစ်စတွေ့နေရ၏။

သို့သော် ဦးနှောက်ကို ဖြည်းဖြည်းမှန်မှန်အလုပ်ပေးရင်း ပထမဆုံးတွေးမိတာက ကင်မ်ထယ်ယောင်း။

သူ သူ့အဖွားအိမ်ကို သေချာ ဘေးကင်းကင်းနဲ့ ရောက်သွားရဲ့လား..?
ညကရော မိုးမိသွားသေးလား..?

စသဖြင့် သို့လောသို့လောတွေးရင်း
ယွန်းဂီ၏မျက်ခုံးတန်းများ အနည်းငယ်ကျုံ့သွားမိသည်။

ကျစ်...မနည်းစောစောစီးစီး သူဘာတွေ တွေးနေမိတာလဲ..?

မျက်နှာသစ် သန့်ရှင်းရေးလုပ်ပြီး အိပ်ခန်းအပြင်ထွက်လာတော့ အပြင်ထွက်ဖို့ တာဆူနေသော Brownie က စီးကြိုသည်။
တံခါးကို တဗြစ်ဗြစ်ကုတ်လျက် တော်တော်အပြင်ထွက်ချင်နေသည့်ပုံပင်။

"ဟုတ်ပါပြီ...ခဏလောက်သည်းခံပါဦး၊ တံခါးဖွင့်ပေးပါ့မယ်.."

ထိုသို့တံခါးဖွင့်လိုက်စဥ် အပြင်တွင်မြင်လိုက်ရသည့် ပုံရိပ်လေးကြောင့် ယွန်းဂီမျက်လုံးများဝိုင်းစက်ကာ ခေတ္တမျှဆွံ့အသွားရသည်။

"ထယ်..ထယ်ယောင်း.."

ထယ်ယောင်းက ယွန်းဂီတံခါးဖွင့်လိုက်သည်နှင့် အိမ်နံရံကိုမှီထိုင်နေရင်းမှ ကုန်းရုံးထလာသည်။

ညကမိုးရွာထားတာကြောင့် ဘန်ဂလို၏ လှေကားထစ်သုံးထစ်လောက်က ယခုထိတိုင် စိုစွတ်နေသေးသလို ဘန်ဂလို၏ ဆင်ဝင်အောက်တွင်ထိုင်နေခဲ့သော ထယ်ယောင်းမှာလည်း ဘောင်းဘီအဖျားနှင့် ဝတ်ထားသော Long coat အညိုရောင်လေး၏ အဖျားတို့မှာ အနည်းငယ်စိုစွတ်နေသည်။

Come Back (Complete)Where stories live. Discover now