🍁6🍁

161 20 0
                                    

Unicode

"ရှေ့နားရောက်ရင် ကားခဏလောက် ရပ်ပေးပါလား ယွန်းဂီ.."

ရုတ်တရက်ပြောလိုက်သည့် ထယ်ယောင်း၏စကားကြောင့် ယွန်းဂီကားတစ်ချက်ရပ်ပေးလိုက်ရင်း ပတ်ဝန်းကျင်ကို မျက်လုံးဝေ့ပြီး အကဲခတ်မိတော့..

ရေတံခွန်မှ ရေကျသံလွင်လွင်လေးကို ကြားနေရပြီး ညနေစောင်းလာသောကြောင့် မိုးနံ့ရောနေသည့် လေနုအေးတို့ကလည်း သူတို့နှစ်ယောက်လုံး၏ အင်္ကျီစများကို ကျီစားတိုက်ခတ်နေသယောင်။

ခပ်လှမ်းလှမ်းလောက်လျှောက်ပြီးမှ ကားနားတွင်ရပ်နေသည့် သူ့ထံသို့ နောက်ပြန်လှည့်ကြည့်လာသည့် ထယ်ယောင်း။

"ယွန်းဂီ.. လာလေ.."

"....."
သူခေါင်းတစ်ချက်ငြိမ့်ပြလိုက်ပြီး ထယ်ယောင်းသွားရာကိုသာ လိုက်လာလိုက်သည်။

လမ်းအနည်းငယ်ခန့် လျှောက်ပြီးနောက်မှာတော့ ယွန်းဂီထင်သည့်အတိုင်းပင် ရေတံခွန်သေးသေးလေးသို့ ရောက်ရှိခဲ့သည်။

ရေတံခွန်ဟုဆိုသော်လည်း ထိုရေတံခွန်မှ ရေကျနှုန်းဟာ အလွန်ကို နည်းလှပါသည်။ ထို့ကြောင့် ခရီးသွားတို့အဖို့ လှေစီးမည်ဆိုပါက ချောချောမွေ့မွေ့ သာသာယာယာပင် ငှားစီးနိုင်မည်ဖြစ်သည်။

"လှေစီးကြမလား ယွန်းဂီ.."

ထိုမေးခွန်းလေးကြောင့် သူ့မျက်နှာကိုစိုက်ကြည့်မိတော့ တစ်ခုခုကိုတောင်းဆိုနေဟန် မျက်ဝန်းညိုများက ဝိုင်းစက်စွာဖြင့်။
ဒီ Glaxy လို မျက်ဝန်းညိုတွေကနေ ဘယ်သူကများ လွတ်မြောက်နိုင်မည်နည်း။

ထို့ကြောင့် ယွန်းဂီမှာ အသာတကြည်ပင် လက်ခံလိုက်ရတော့သည်။ အမြတ်အနေဖြင့်တော့
လေးထောင့်ဆန်ဆန်အပြုံးလေးတစ်ခုအား လက်ခံရရှိလိုက်ပါသည်။

.
.
.
"လှေစီးချင်တယ်လို့ပြောခဲ့တာ မင်းဖြစ်ပြီး ဘာလို့ အခုငါက လှေလှော်နေရတာလဲ.."

ဒေါသမပါသည့် အပြစ်တင်စကားဖြင့် ဆိုမိတော့ သူ့​ရှေ့တွင် ကင်မရာဖြင့်အလုပ်ရှုပ်နေသည့်ထယ်ယောင်းက..

"ငါမှ လှေမလှော်တတ်တာ.."

"ဒါဆို ဘာလို့စီးမယ်ပြောလဲ.?"

Come Back (Complete)Where stories live. Discover now