Part-1

6.4K 166 5
                                    

part 1

ခန်းနားလှတယ့် ဝမ်အိမ်တော်ရဲ့ ဧည့်ခန်းထဲတွင် အသက် ၅၀ အရွယ် အမျိုးသားနဲ့ အမျိုးသမီးတို့ ၂ ယောက် သူတို့၏ ဘေးဘက်ရှိ လူငယ် နှစ်ယောက်ကို မျက်နှာထားတင်းတင်းနဲ့ ကြည့်နေကြသည်
ထိုအမျိုးသားနဲ့ အမျိုးသမီးကတော့ ဝမ်အိမ်တော်ရဲ့ သခင်နဲ့ သခင်မ ဖြစ်ပါတယ်

"ဝမ်ရိပေါ် မင်း ကျန့်ကျန့်ကို တာဝန်ယူရမယ်"

ထိုစကားနောက်တွင်

"ကျွန်တော်က ဘာကိစ္စ သူ့ကို တာဝန်ယူရမှာလဲ ပါး"

"ဟ ဒါမင်းစထားတယ့် ဇာတ်လမ်းလေ မင်းလုပ်တုန်းက လုပ်ထားပြီးတော့ အခုမှ တာဝန် မယူလို့ရမလား မင်း မယူချင်ရင် အစထဲက ဖြစ်လာမယ့် ပြဿနာကို ကြိုးတွေးထားပြီး ဆင်ခြင်ရမှာလေ အခုမှ မင်းတာဝန်မဲ့ စကား ငါ့ကို လာမပြောနဲ့ ဝမ်ရိိပေါ် "

"သူကယောက်ျားလေး တစ်ယောက်လေ ဒီလို ဗိုက်ထွက်လာမယ်လို့ ဘယ်သူထင်မှာလဲ"

"သားဝမ် မင်းအဲ့လို စကားမျိုးမပြောနဲ့လေ တကယ်ဆို မင်းတို့ နှစ်ယောက်က ညီအကိုတွေလေ မား မင်းကို မမွေးခင်တည်းက ကျန့်ကျန့်ကို မားရဲ့သား အရင်းလေးလိုမွေးထားရတာ အခုကြီးလာတော့မှ မင်းတို့နှစ်ယောက်က ဒီလိုဖြစ်လာတော့ မား နားလည်ပေးဖို့ကို မနည်းကြိုးစားထားရတာ "
"အခုမင်းက ဒီစကားပြောတော့ အစထဲ မင်း ကျန့်ကျန့်ကို မချစ်ပဲနဲ့ စိတ်ဖြေဖို့ သက်သက် မင်းလုပ်ခဲ့တာလား ဝမ်လေး မားက ကိုယ့်လုပ်ရက်ကို တာဝန်ယူနိုင်အောင် မသင်ထားပေးခဲ့မိတာလား ဝမ်လေးရယ်"
"မင်းရဲ့ လုပ်ရက်ကြောင့် မား သေရင် ကျန့်လေးရဲ့ အမေကို ဘယ်လို မျက်နှာပြရပါ့မလဲ ဝမ်ရိပေါ်ရယ်"

"မား အဲ့လို ကျွန်တော့်ကိုပဲ တစ်ဖက်သတ် မစွပ်စွဲနဲ့လေ တကယ်ဆို သူလဲ လက်ခံခဲ့လို့ နှစ်ဦးသဘောတူ ဖြစ်ခဲ့တာလေ ခင်ဗျားလည်းပြောဦးလေ အခုမှ ပါးစပ်ပိတ်မနေနဲ့"
ရိပေါ် တကယ် စိတ်တိုမိတယ် သူ့အသက်က အခုမှ ၁၇ ပဲ ရှိသေးတာ ကလေး အဖေဖြစ်ဖို့ အဆင်သင့်မဖြစ်သေးဘူး
အဲ့လိုပြောလို့ အဖေ မဖြစ်ချင်သေးရင် မသရမ်းနဲ့လို့ ခင်ဗျားတို့က ပြောဦးမယ် ကျုပ်က ဆယ်ကျော်သက်အရွယ် လက်တည့်စမ်းချင်ပင်မယ့် မိန်းကလေးတွေနဲ့ဆို အခုလို အရှုပ်အရှင်းတွေ ဖြစ်မှာစိုးလို့ အိမ်က သွေးမတော် သားမစပ် အကိုနဲ့ စမ်းလိုက်မိမှပဲ တည့်တည့်ကိုတိုးတော့တာပဲ စိတ်လေတယ်

Dearness(Complete)Where stories live. Discover now