Final

2.9K 106 7
                                    

သာယာလှပတယ့် မနက်ခင်းတစ်ခုမှာ ဝမ်အိမ်တော်ရဲ့ ထမင်းစားခန်းထဲ ပျော်ရွှင်စွာ ထမင်းစားနေကြတယ့် မိသားစုလေးကို တွေ့ရပါက မြင်ရသူတိုင်းရဲ့ စိတ်ကို အေးချမ်းသွားစေမှာပါ

"ရှောင်း မောင်ဒီနေ့ နည်းနည်း နောက်ကျမယ်နော် ရှယ်ယာရှင် တစ်ယောက်နဲ့ ချိန်းထားတာလေးရှိလို့ "

"အွန်းပါမောင် "

ဝမ်ဝမ်လေးကတော့ သူ့ပါးပါးခွံသမျှ ထမင်းတွေကို ပါးဖောင်းဖောင်းကြီးနဲ့ တစ်မြုံမြုံဝါးရင်း အဖေနှစ်ယောက် စကားပြောနေတာကို မျက်လုံးကြည်တောက်တောက်လေးတွေနဲ့ လိုက်ကြည့်နေလေရဲ့

"ဝမ်ဝမ် သား အိမ်မှာ လိမ်လိမ်မာမာနေရမယ်နော် ဆရာမ စာသင်တာကိုလည်း သေချာ လိုက်လုပ်နော် သား ပါးပါးပြောတာကို နားလည်လား"

ရှောင်းကျန့်ပြောတယ့် စကားကို ခေါင်းလေးတညိမ့်ညိမ့်နဲ့ နားထောင်မယ့် အကြောင်းကိုလည်း အမူရာနဲ့ ပြနေလေရဲ့ သားရဲ့ ဒီလို အမူရာလေးတွေကို မြင်ရတာ သူ့ရင်ထဲမှာ ဘယ်လိုမှ နေလို့ မကောင်းဘူး ချစ်စရာကောင်းတယ့် သူ့သားလေးသာ တခြားကလေးတွေနည်းတူ စကားများ ပြောတတ်ရင် ဘယ်လောက်တောင် ကောင်းလိုက်မလဲ ဒီအရွယ်ဆို သူ့သားလေးက ကျောင်းတတ်ပြီး သူငယ်ချင်းတွေလည်း ရလောက်ပြီ

ရိပေါ် သားကို ကြည့်ပြီး မျက်နှာ မကောင်းပဲနဲ့ ငိုင်သွားတယ့် ရှောင်းကို ကြည့်ပြီး သူ့အပြစ်မကင်းသလို ခံစားရတယ် တကယ်က ရှောင်းတို့ သားဖ ခုလို ဖြစ်ရတာတွေက သူ့ရဲ့ မရင့်ကျက်မှုတွေကြောင့်ပဲ

"ရှောင်း မောင်တောင်းပန်ပါတယ် မောင် ဝမ်ဝမ်ကို သေချာ ဆေးပြန်စစ်ကြည့်မယ် မောင်တို့သားက ဒီလိုမျိုး အမြဲတမ်းဖြစ်နေမှာ မဟုတ်ပါဘူး ရှောင်း စိတ်မကောင်း မဖြစ်ပါနဲ့"

ဝမ်ဝမ်လေးကလည်း ပါပါးရဲ့ မျက်နှာ မကောင်းတာကြောင့် သူ့ရဲ့ စာအုပ်လေးထဲမှာ စာလေးတွေကို ရေးပြီး ပါပါး ပြလိုက်တယ်
ရှောင်းကျန့် သားထိုးပေးတယ် စာအုပ်လေးကို ဖတ်ကြည့်လိုက်တယ်

*ပါပါး စိတ်မကောင်း မဖြစ်ပါနဲ့ ဝမ်ဝမ်က ဘာမှ မဖြစ်ပါဘူး ပါပါးနဲ့ ဒယ်ဒီတို့ရဲ့သားက သန်မာပါတယ် ပြီးတော့ ပါပါးကိုလည်း အရမ်းချစ်တယ်နော် ပါပါးသားကို မွေးပေးတာနဲ့တင် သားသားက ကျေးဇူးတင်ပါတယ်*

Dearness(Complete)Where stories live. Discover now