Part 9

2.1K 128 13
                                    

ဝမ်ရိပေါ် Wang group ပိုင် hotel တစ်ခုမှာ ဝင်တည်းနေလိုက်တယ် အိမ်ကိုက နောက်မှ ပြန်မယ် သူလုပ်စရာလေးတွေ နည်းနည်းရှိနေသေးတာကြောင့် ဒီနေ့ည wang group က ကျင်းပမယ့် Party တစ်ခုကို သူ တက်ရဦးမယ် သူ့အထင် မမှားရင် ဒီနေ့ပွဲကို xiaozhan တက်မှာ သေချာတယ်

At night

Party ပွဲ အတွင်း နီညိုရောင် ဝတ်စုံနဲ့ အရပ်ရှည်ရှည် ခါးသိမ်သိမ်လေးနဲ့ ယောက်ျားလှလှလေး တစ်ယောက်က သူ့ဘေးက လူကြီးတွေနဲ့ ပြုံးရွှင်စွာ စကားပြောနေလေတယ် ထိုသူကို ထောင့်ကျကျ စားပွဲဝိုင်းမှာ ထိုင်နေတယ့် ချောမောခန့်ညားတယ့် ယောက်ျားတစ်ယောက်က စူးစိုက်စွာ ကြည့်နေလေတယ် ပြီးတော့ သူ့ဘေးကို ဖြတ်လျှောက်သွားတယ့် waiter ကောင်လေးကို ခေါ်လိုက်ပြီး

"ညီ​လေး ဟိုဝိုင်းမှာ စကားပြောနေတယ့် လူကို ဒီခွက်လေး ပေး ပေးပါ ဒီမှာ မင်းအတွက် မုန့်ဖိုး "

"ဟုတ်ကဲ့ အကို ကျေးဇူးပါဗျ"

"ရပါတယ် သေချာလေး ပေး ပေးပါ"

"ဟုတ်ကဲ့ခင်ဗျ"

yibo.  waiter ကောင်လေး ပေးလိုက်တယ့် ရှန်ပိန်ခွက်ကို သောက်နေတယ့် xiaozhan ကို ကြည့်နေလိုက်တယ်

"xiaozhan ခင်ဗျားက အရင်လိုလှနေတုန်းပဲ ဒါမယ့် ခင်ဗျားကိုမြင်ရတာ ကျုပ်ရင်တွေ ပူလောင်လိုက်တာ လှည့်စားတတ်တယ့် ခင်ဗျားကို သိပ်မုန်းတာပဲ"

သူကြည့်နေရင်း xiaozhan က ရီဝေဝေ ဖြစ်လာပြီး မျက်ဝန်းများကလည်း မှေးလာတာကို တွေ့လိုက်တယ်

xiaozhan သူ့မျက်လုံးတွေက လေးလာပြီး အရမ်းအိပ်ချင်နေသလို ဖြစ်လာတယ် အရင် ဒီအချိန်က သူအိပ်နေကြအချိန်မဟုတ်ပါဘူး အခု ဘယ်လို ဖြစ်နေလဲ မသိဘူး အိမ်ပြန်တော့မှပဲ ဖြစ်တော့မယ် သူ့ဘေးက လူကြီးတွေကို နှုတ်ဆက်ပြီး ပြန်ဖို့ hotel ထဲကနေထွက်လာလိုက်တယ် လမ်းတစ်ဝက် အရောက်ပဲ သူ့စိတ်တွေ မထိ်းနိုင်ပဲ ခွေကျသွားတော့တယ် သူ့ရဲ့ နောက်ဆုံးလက်ကျန် အသိကတော့ ရင်ခွင်ကျယ်ကျယ် တစ်ခုထဲကို ကျရောက်သွားတာပဲ

ရိပေါ် အိပ်ပျော်သွားသော လူသားကို သူ့အခန်းထဲကို ပွေ့ပြီးခေါ်လာလိုက်တယ် ဒီလူ တော်တော် ပိန်တာပဲ သူပွေ့ထားရတာ ပေါ့ရွှတ်နေပဲ ထမင်းရော သေချာစားရဲ့လားမသိဘူး သူထွက်မသွားခင်တုန်းကဆို လုံးတစ်နေတာပဲ ဒါနဲ့နေပါဦး ဒီလူပိန်မပိန်က သူနဲ့ဘာဆိုင်လို့ သူကတွေးနေမိတာလဲ
အခန်းထဲဝင်လာပြီး ကုတင်ပေါ်ထိုလူ့ကို ပစ်တင်လိုက်တယ် ဒီလောက် ပစ်လိုက်တာတောင် နိုးမလာပုံထောက် သူ့ဆေးက အတော်စွမ်းသားပဲ မနက် နိုးလာလို့ သူ့ကို တွေ့ရင် ဖြစ်လာမယ့် အဲ့လူရဲ့ မျက်နှာက ဘယ်လိုတောင် ဖြစ်နေမလဲ မသိဘူး

Dearness(Complete)Where stories live. Discover now