Part 10

2.3K 131 7
                                    

ဝမ်ရိပေါ် တစ်ညလုံး အိပ်မပျော်ခဲ့ဘူး သူ့ဘေးက အလှတရားလေးကိုပဲ​ကြည့်နေခဲ့လို့ ဘယ်လောက်ပဲမုန်းတယ် ပြောပြော သူ့ရဲ့ စိတ်တွေက ဒီလူ့ ဆီကနေ မခွာနိုင်ဘူး ဖြစ်နေတယ် အခုလည်း အိပ်နေတာလေးက အေးအေးချမ်းချမ်းလေးနဲ့ သူပဲ ငြိမ်းချမ်းနေတယ် ဒီနှစ်တွေထဲ ဘယ်လိုနေနေလဲ မသိဘူး အရင်ပါ ပါးပြည့်ပြည့်လေးတွေက အခုတော့ ချောင်ကျလို့ ဟိုလူနဲ့လည်း တွေ့နေသေးလား မသိဘူး အော် တွေ့ရမှာပေါ့ သူ့ကလေးရဲ့ အဖေပဲကို ငါဘာတွေ မျှော်လင့်နေတာလဲ ဟား ဟား ရယ်ရတယ်
ရှောင်းကျန့် သူ့ရဲ့ ကိုယ်က တစ်ခုခုက ညစ်ထားသလိုနဲ့ တင်းကျပ်ကျပ်ကြီး ဖြစ်နေတာနဲ့ နိုးလာခဲ့တယ် ဝမ်ဝမ်က ဘယ်ကဘယ်လို အားတွေရ​ပြီး သူ့ကို ညစ်ထားလဲ မသိဘူး ဒီကလေးကတော့ သူမျက်လုံးတွေဖွင့်လိုက်တော့ ဝမ်ဝမ်ရဲ့ ကိုယ်သေးသေးလဲ မဟုတ်ပဲ ရင်ခွင်ကျယ်ကြီး တစ်ခုကို တွေ့လိုက်ရတယ် ဘယ်သူလဲ သူက ဘယ်သူ့ရင်ခွင်ထဲကို ရောက်နေရတာလဲ

"နိုးပြီ ဆိုရင်လဲ ထတော့ "

သြရှရှ ယောက်ျားသံတစ်ခုကြောင့် ရှောင်းကျန့် လန့်ပြီး မော့ကြည့်မိလိုက်တော့ ခပ်ချောချော ယောက်ျား တစ်ယောက် အတိကျပြောရရင် သူ့ရဲ့မောင်ဖြစ်နေတာပဲ
ရိပေါ် သူ့ရင်ခွင်ထဲက လူးလွန့်လာသူကြောင့် ကြည့်လိုက်တော့ မျက်လုံးတောင် မဖွင့်ပဲ ဘာတွေစဥ်းစားနေလဲ မသိဘူး မျက်မှောင်ကြီးကြုတ်လို့ ပြီးတော့ မျက်လုံးကြီး ဖွင့်လာပြီး သူ့ရင်ဘတ်ကို ကြည့်ပြီး ဆက်ပြီးစဥ်းစားနေပြန်တယ် စိတ်မရှည်တော့တာကြောင့် သူပြောလိုက်တော့ သူ့မျက်လုံးတောက်တောက်လေးတွေနဲ့ ဒီကောင့် မော့ကြည့်လာတယ် ပြီးတော့ အံသြသွားသလိုလေး ပါးစပ်လေးကို ဟလို့ ဘယ်လိုဟာလေးလဲကွာ

"ဘာကြည့်နေတာလဲ ထလေ"

"မင်းက ဘယ်လိုဖြစ်လို့ ငါ့အခန်းထဲ ရောက်နေတာလဲ"

"မျက်လုံးလေး ဖွင့်ပြီးလည်း သေချာကြည့်ဦး ဒါခင်ဗျား အခန်းဟုတ်ရဲ့လားဆိုတာ"

အခန်းကို ဝေ့ကြည့်လိုက်တော့ ဟုတ်နေတာပဲ ဒါသူ့ အခန်းမှ မဟုတ်တာ အဲ့ဒါဆို ညကအိမ်မပြန်လိုက်ရဘူးပေါ့ ဝမ်ဝမ်လေး ညကဘယ်လို နေလဲ မသိဘူး အဲ့ကလေးက သူမရှိရင် အိပ်တာ မဟုတ်ဘူး

Dearness(Complete)Where stories live. Discover now