Part 2

2.5K 128 8
                                    

​"သခင်လေးတို့ လက်မှတ်ထိုးလို့ရပါပြီ"
ရှေ့နေကြီးရဲ့ စကား အဆုံးတွင် သူတို့နှစ်ဦး စာချုပ်ထဲတွင် အသီးသီး လက်မှတ်ထိုးလိုက်ကြတယ်

"သခင်လေးတို့ နှစ်ယောက်လုံး ဘဝရဲ့ နေဝင်ချိန်အထိ အတူတူ လက်တွဲ သွားနိုင်ကြပြီးတော့ တစ်ယောက် အခက်ခဲကို တစ်ယောက် ကူညီ ဖြေရှင်းပေးနိုင်ကြပါစေ"
ရှေ့နေကြီးရဲ့ ဆုတောင်းစကားနောက်တွင်

"ပေးတယ့် ဆု အတိုင်း ပြည့်ရပါစေ ဦးလေး ကျေးဇူးပါဗျ"
Xiaozhan အဲ့ဒီဆု ပြည့်ဖို့ မျှော်လင့်မိပါတယ်

"ဟုတ်ကဲ့ အဲ့ဒါဆို ကိစ္စလေးတွေလည်း ပြီးပြီဆိုတော့ ဦးလေးပြန်လိုက်ပါဦးမယ်"
"သခင်ကြီးနဲ့ သခင်မ ကျွန်တော့်ကို ပြန်ခွင့်ပြုပါဦးဗျ"

"ကောင်းပါပြီ ရှေ့နေဝူ ဒီနေ့ ကိစ္စအတွက်ကျေးဇူးတင်ပါတယ် ပြီးတော့ ဘယ်သူ့ကိုမှ ဒီကိစ္စကို အသိမပေးပါနဲ့ဦး"

"ဟုတ်ကဲ့ပါဗျ"

"အိမ်တော်ထိန်း ရှေ့နေဝူကို အိမ်ပြန်ပို့ပေးလိုက်ပါဦး"

"ရပါတယ် သခင်ကြီး ကျွန်တော် ဝင်စရာလေး ရှိသေးလို့ ကိုယ့်ဟာကိုပဲ ပြန်လိုက်ပါ့မယ် "

"အဲ့ဒါဆိုလည်း ကောင်းကောင်းပြန်ပါ "

At night

Xiaozhan အိပ်ရာ ဝင်ခါနီး ကိုယ်လက်သန့်စင်ပြီး ရေချိုးခန်းထဲမှ အထွက် သူ့အိပ်ရာပေါ်တွင် ထိုင်နေပြီး ဆေးလိပ်သောက်နေတယ့် Wang yibo ကို တွေ့လိုက်ရတယ်
"yibo မင်း အသက်မပြည့်သေးပဲနဲ့ ဆေးလိပ်တွေ တအားသောက်မနေနဲ့ ကျန်းမာရေးထိခိုက်မယ်"

"ကျုပ်က အသက်ပဲ ငယ်တာပါ ကျန်တာ မငယ်တာ ခင်ဗျား အသိဆုံးပါ ပြီးတော့ နောက်တစ်နှစ်ဆို 18 နှစ်ပြည့်ပြီ မငယ်တော့ဘူး "

"ok အခု မင်း ကိုယ့် အခန်းထဲ ရောက်နေတယ့် ကိစ္စပဲ ပြောရအောင် ကိုယ့်ကို ဘာပြောစရာရှိလို့လာတာလဲ"

yibo သူ့စကားကြောင့် မျက်နှာလေးနဲ့ နားရွက်ဖျားလေးတွေ ရဲနေအောင် ရှက်နေပြီး စကားလမ်း​ကြောင်း လွှဲလိုက်တယ့် 6 နှစ်ကြီးတယ့် ကောကောကို ကြည့်ပြီးအသည်းယားနေမိတယ်
"Sir Xiao ခင်ဗျ ဒီနေ့က ခင်ဗျားနဲ့ ကျုပ်ရဲ့ မင်္ဂလာဦး ညလေ အဲ့တာကို ခင်ဗျားမှ ကျုပ် အခန်းထဲကို မလာတာ အဲ့တော့ ကျုပ်လိုက်လာရတာပေါ့"

Dearness(Complete)Where stories live. Discover now