Part 8

2.3K 137 6
                                    

မနက်ခင်း အလင်းကြောင့် ဆေးရုံအခန်းထဲက ကုတင်ပေါ် မှာ အိပ်စက်နေတယ့် လူသားက လူးလွန့်လာခဲ့တယ် သူ့ဗိုက်ပေါ်က ခပ်လေးလေး အရာကြောင့် မျက်လုံးများကို ဖွင့်ကြည့်လိုက်တော့ သူမွေးထားတယ်ဆိုတယ့် လူသားလေး ဒီကလေးက ဒီလိုပဲ အမြဲတမ်း သူ့ပေါ် တက်အိပ်နေတာလား သူ့ပေါ်ကို ဖားပျံလေးလို ကပ်နေပြီး ပါးတစ်ဖက်ကို ဖိအိပ်ထားတော့ နောက်တစ်ဖက်က ဖောင်းဖောင်းလေးနဲ့ ချစ်စရာလေး

" ဝမ်ဝမ် ထတော့ "

သူ ကလေးလေးကို လှုပ်နိုးလိုက်တော့ အွန်းအဲလုပ်ပြီး ထလာတယ် ပြီးတော့ သူ့ကို ပြုံးပြပြီး ပါးကို လာ နမ်းတယ် တကယ် ဒီကလေးက အမြဲတမ်းသူ့ကို အဲ့လိုလုပ်နေတာထင်တယ်

"လာထ မျက်နှာသွားသစ်ကြရအောင်"

သူပြောလိုက်တော့ ခေါင်းလေး ပြန်ငြိမ့်ပြလာတယ့် ကလေးလေး ချစ်ဖို့ကောင်းလိုက်တာ

"သားကျန့် နိုးလာပြီလား"

"ဟုတ်တယ် အဒေါ် ဒါနဲ့ ဝမ်ဝမ်က ဒီမှာ အမြဲအိပ်တာလား"

"ဟုတ်တယ် သားကျန့် သူသိတတ်စထဲက သူ့အဖွားတွေက ဒါ ဝမ်ဝမ်ကို မွေးထားတယ့် ပါးပါးလို့ ပြောပြထားထဲက သခင်မကြီးတို့နဲ့ အိမ်ကို ပြန်မလိုက်တော့တာ ခေါ်လို့လဲမရ တစ်ခါ တစ်လေ အတင်းခေါ်သွားရင်တောင် ညဘက်တွေ မအိပ်ပဲနဲ့ငိုပဲငိုနေလို့ ချက်ချင်း ပြန်လိုက်ပို့ကြရတာ"

"ဟုတ်လား "

"ဟုတ်တယ် သားရေ ဝမ်ဝမ်လေးက သားကို သိပ်ချစ်ရှာတာ"

"ဟုတ်ကဲ့ပါ အဒေါ်"

ရှောင်းကျန့် အဒေါ့်ကို ပြောပြီး ဝမ်ဝမ်ကိုခေါ်ကာ ရေချိုးခန်းထဲဝင်လိုက်ပြီး ဝမ်ဝမ်ကိုပါ သန့်ရှင်းရေးလုပ်ပေးလိုက်တယ် သူတို့ ပြီးလို့ ထွက်လာ​တော့ အပြင်မှာ မားတို့တောင် ရောက်လာကြပြီ

"မင်္ဂလာပါ ပါးနဲ့မား"

"မင်္ဂလာပါကွယ် သားကျန့် ဒီနေ့ ဆေးရုံဆင်းလို့ရပြီတယ့် ဒါနဲ့ သားမှတ်မိတာလေးတွေ ဘာတွေများရှိသေးလား"

"မရှိသေးဘူး မား ကျွန်တော်တောင်းပန်ပါတယ် "

"မတောင်းပန်ပါနဲ့ သားရယ် သားအမှားမှ မဟုတ်ပဲကွယ်"

Dearness(Complete)Where stories live. Discover now