Part 5

2.1K 109 8
                                    

ရှောင်းကျန့် အိပ်ရာ နိုးလို့ မွေ့ယာပေါ်မှာ အကြောဆန့်ရင်း ကိုယ့်ညာဘက်ဘေးကို လက်နဲ့စမ်းကြည့်မိတော့ အေးစက်စက် အထိအတွေ့ကို ခံစားလိုက်ရတယ် ရိပေါ် ဘယ်ချိန်ထဲက ထသွားလိုက်လဲ မသိဘူး
တွေးနေတာကို ရပ်လိုက်ပြီး အိပ်ရာထကာ ရေချိုးခန်းထဲ ဝင် ပြီး ကိုယ်လက် သန့်စင် လိုက်တယ် ပြီးမှ အောက်ထပ်ကို ဆင်းလာခဲ့တယ် ထမင်းစားခန်းထဲမှာ ပါးနဲ့မား ကိုပဲ တွေ့ရတယ် ဟိုလူဆိုးကောင်လေးက မနက်စောစော ဘယ်ကို သွားနေလဲ မသိဘူး

"မင်္ဂလာ နံနက်ခင်းပါ ပါးနဲ့မား"

"အေး မင်္ဂလာပါကွယ် သားကျန့်လာထိုင်တော့ မနက်စာစားရအောင်"

ရှောင်းကျန့် စားပွဲခုံမှာ ဝင်ထိုင်လိုက်ပြီး

"မား ရိပေါ် ဘယ်သွားလဲ သိလား ကျွန်တော် မနိုးခင် သူထွက်သွားမို့ မသိလိုက်ဘူး"

"အယ် သားကျန့် မားတော့ မတွေ့မိဘူး အဲ့ကလေးကို ဒေါ်လင်း သားဝမ်ကို တွေ့မိသေးလား "

"ဆင်းလာတာကို မတွေ့မိသေးဘူး သခင်မကြီး "

"ဟုတ်လား အဲ့ဒါဆို ဘယ်ရောက်နေတာလဲ သားကျန့် အခန်းထဲမှာ မရှိတာရော သေချာရဲ့လား "

"ဟုတ် သေချာပါတယ် မား "

"သခင်မ​ကြီး ဟိုမှာ ဆင်းလာပါပြီ ဝမ်သခင်လေး"

ရှောင်းကျန့် အနောက်ကို လှည့်ကြည့်လိုက်တော့ တွေ့ပါပြီ ဂျစ်ကန်ကန် မျက်နှာဘေးနဲ့ လူ ဆိုးကောင်လေး

"morning ပါးနဲ့ မား"

"morning ပါ ကိုယ်တော် ပြောပါဦး ဘယ်အခန်းမှာ သွားအိပ်နေတာလဲ ကိုယ်ဝန်သည်နားမှာ မအိပ်ပဲနဲ့"

"အာ ညက ကောကို ပုံပြင်ပြောပြီး ကောအိပ်ပျော်သွားတော့မှ ဟိုကောင်တွေက game ဆော့ဖို့ လှမ်းပြောတာနဲ့ game room ထဲမှာပဲ ဆော့ ပြီး အဲ့မှာပဲ အိပ်ပျော်သွားတာ "

"ရိပေါ် မင်း အခုချိန်ထိ အဲ့လိုတွေ အရေမရ အဖတ်မရတွေ လျှောက်လုပ်နေဦးမှာလား မကြာခင်ပဲ ကလေး အဖေ ဖြစ်တော့မယ် နည်းနည်းပါးပါး ဆင်ခြင်ပါဦး "

ဝမ်ပါးရဲ့ စကားအဆုံးမှာ ရိပေါ် မျက်နှာက မှုန်မှုန်ကုပ်ကုပ်ဖြစ်နေပြီ

Dearness(Complete)Where stories live. Discover now