Part (2)

25 2 0
                                    

ကျောင်းသားအဆောင်ရဲ့ တံခါးပိတ်ချိန်ရောက်ဖို့ အစောကြီးလိုသေးပေမယ့် ကျောင်းမှာ အမှုဖြစ်ထားတာကြောင့် အဆောင်မှာနေတဲ့ ဘယ်ကျောင်းသားကိုမှ အပြင်ထွက်ခွင့်မပြုထားပေ။
အခန်းတိုင်းက မီးလင်းနေလျက်ရှိသော်လည်း တိတ်ဆိတ်နေသည်။

အခန်း နံပါတ် (၃၃) သည် တတိယထပ်ရှိ ဓာတ်လှေကားထဲက ထွက်ထွက်ချင်း ဝဲဘက် ၃ ခန်းမြောက် အခန်းဖြစ်သည်။

ထိုက်ဟုန်စစ် အခန်းတံခါးကို ကတ်ဖြတ်၍ ဖွင့်လိုက်သည်။

သူတစ်ခါမှ ထင်မှတ်မထားမိတာက သူနေမယ့် အခန်းထဲမှာ ပြင်းပြစွာ နမ်းရှိုက်နေတဲ့ လူနှစ်ယောက်ကို တွေ့လိုက်ရမယ်ဆိုတာကိုပဲ။

ရုတ်တရတ် အခန်းတံခါးပွင့်သွားတာမလို့ ထိုလူနှစ်ယောက်ကလည်း သူ့ကို ကြောင်အမ်းစွာ ပြန်ကြည့်နေတယ်။

"စိတ်မရှိပါနဲ့..."

ထိုက်ဟုန်စစ်က တံခါးကို ပြန်ပိတ်ပြီးတော့ အပြင်မှာ မတ်တပ်ရပ်နေသည်။

'အခန်း နံပါတ်က အသေချာကို ၃၃ ပါ'

ကျောင်းသားဆောင်မှာ လူနေထူထပ်ကာ လူနံ့တွေက နေရာအနှံ့မှာ ခွဲခြားမရဘဲ ရောထွေးနေသည်။
အခန်းထဲမှာ ရောက်နေတဲ့ လူနှစ်ယောက်ရဲ့ အနံ့ကို အပြင်ကနေ သူ သတိမထားလိုက်မိဘူး။

ပြီးတော့ ကျောင်းသားဆောင်တွေက တစ်ယောက်ခန်းတွေ ဟုတ်မဟုတ် ဆိုတာကို သူ ထည့်မတွေးမိလိုက်တာလည်းပါသည်။
သူသည် လူတွေနဲ့ တစ်ခန်းတည်း မျှသုံးဖို့အတွက် ကြိုတင်ပြင်ဆင်မထားမိခဲ့ပေ။

မိနစ်အနည်းငယ်ကြာတော့ အခန်းတံခါးပွင့်လာပြီး ကျောင်းသားတစ်ယောက်ထွက်လာတယ်။

ထိုက်ဟုန်စစ်ကို မြင်တော့ ထိုလူငယ်က ကို့ရို့ကားယားနိုင်စွာ ပြုံးပြပြီး အခန်းထဲမှာ ကျန်ခဲ့တဲ့ တစ်ယောက်ဘက်လှည့်ကာ လက်‌ဝှေ့ကို ယမ်းပြပြီး နှုတ်ဆက်လေသည်။

"ငါ အလှည့်ရောက်တော့မယ်ထင်တယ် သူတို့ စစ်မေးတာပြီးရင် တစ်ခါတည်း ပြန်လိုက်တော့မယ်သိလား ပြန်ရောက်ရင် စာပို့လိုက်မယ်"

"အင်း...ကောင်းကောင်းပြန်ဦး"

ထိုက်ဟုန်စစ် ထိုလူနှစ်ယောက်ကြားမှာ ကသိကအောက်နိုင်စွာ ရပ်နေရ‌တယ်။

VEILS OF MINZARIWhere stories live. Discover now