Part (18)

5 0 0
                                    

ထိုက်ဟုန်စစ်ရဲ့ စကားကို ယုံသင့်လား မယုံသင့် သလားခွန်းယံ မစဉ်းစားတတ်တော့ပေ။
သူ တစ်ခုတွေးမိသည်က သူတို့နှစ်ယောက်၏ သဘောတူ စာချုပ် ချုပ်ဆိုပြီးကတည်းက ထိုက်ဟုန်စစ်က ထိုစည်းမျဉ်းတွေကို မသွေမတိမ်း လိုက်နာနေသည့် ပုံပင်။
သူ့ အသက်ကို ကယ်တင်ခဲ့ရုံသာမက ဆေးရုံက ပန်းခြံထဲမှာ နေ့တစ်ဝက်မျှ စောင့်နေပြီး သူ့ လုံခြုံရေးကို အပြည့်အဝ တာဝန်ယူပေးသည်။

သူ့ စိတ်က ပုံမှန် ဖြစ်သော်ရှိ
မဖြစ်သော်ရှိ သူ့ ခန္ဓာကိုယ်ကတော့ ထိုက်ဟုန်စစ်နဲ့ သဘောတူညီမှု စာချုပ် အသက်ဝင်နေသေးသ၍ အန္တရာယ်ကင်းနေလောက်သည်။ ဒီလောက်ဆို သူ့ အတွက် လုံလောက်ပြီ။

နောက်ပြီး မနေ့ညက ဆေးရုံမှာ သူ့ အမေဖုန်းပြောနေစဉ် သူ တစ်စွန်းတစ်စကြားလိုက်ရတဲ့ စကားတွေကြောင့် ခွန်းယံ စိတ်ထင့်နေမိသေးသည်။
သူ့ကို အမေက အရာအားလုံး အမှန်အတိုင်းပြောပြဖို့ဆိုတာက မသေချာပေ။
ဖုန်းထဲမှာ တစ်ဖက်လူနဲ့ပြောနေသည့် အတိုင်းဆိုလျှင် သူ့ကို နိုင်ငံခြားလွှတ်ဖို့ နှစ်ပတ်အတွင်း မဖြစ်ဖြစ်သည့် နည်းဖြင့် ရအောင် စီစဉ်မည့် ပုံပေါ်သည်။

ခွန်းယံ သိပ်တော့ မမျှော်လင့်ထားသော်လည်း မိခင်ဖြစ်သူသာ သူ့ဆီမှာ ဖြစ်နေတဲ့ ထူးဆန်းတဲ့ အရာတွေနဲ့ ပတ်သတ်ပြီး သူမသိတဲ့ ကိစ္စရပ်တွေကို ပြောပြလာမယ်ဆိုရင် စာချုပ်ထဲက ကတိအတိုင်း ထိုက်ဟုန်စစ်ကို လွန်ခဲ့တဲ့ ငါးနှစ်က ကိစ္စအားလုံးကို ပြောပြနိုင်မှာပင်။

သူဟာ သဘောတူညီမှု စာချုပ်ကို သိပ်အလေးအနက်မထားခဲ့သော်လည်း ဖျော်ဖြေပွဲနေ့က ထိုက်ဟုန်စစ်ရဲ့ ပြဿနာဖြေရှင်းပုံက သူ့ကို စိတ်ကျေနပ်စေတာကြောင့် သူ့ဘက်ကလည်း ထိုက်ဟုန်စစ်အား စာချုပ်ထဲကအတိုင်း အပြန်အလှန်အားဖြင့် အကူအညီပေးရမယ်လို့ တွေးမိသည်။

ခွန်ယံက စိတ်ဆုံးဖြတ်လိုက်ပြီးနောက် မျက်လွှာပင့်၍ ထိုက်ဟုန်စစ်အား ကြည့်ကာ...

"ဖျော်ဖြေပွဲပြီးရင် အရင်က ငါ ဖြစ်ခဲ့တဲ့ စိတ်ရောဂါ အခြေအနေကို ပြောပြမယ်လို့ ပြောခဲ့တယ်မလား ?
အခု..."

VEILS OF MINZARIWhere stories live. Discover now