Part (4)

16 3 0
                                    

တစ်ခါနှစ်ခါ မြည်ရုံနဲ့ ဖုန်းသံကရပ်မသွားခဲ့။

ဖုန်းမျက်နှာပြင်တွင် 'စိုင်းသော်ရာ'ဆိုတဲ့ contact name က ပေါ်လျက်ရှိ၏။

တခြားလူတစ်ယောက်ရဲ့ ဖုန်းကို မကိုင်ချင်သော်လည်း တစ်ဖက်က လူသည် ဖုန်းမကိုင်မချင်း ဆက်တိုက် ခေါ်နေတာကြောင့် နောက်ဆုံးတော့ ထိုက်ဟုန်စစ် စိတ်ရှုပ်စွာနဲ့ပဲ Answer key ကို နှိပ်လိုက်သည်။

*ဘာလို့ ဖုန်းမကိုင်တာလဲ အဆင်ပြေလား
အခုရော အဆောင်မှာလား? *

ဖုန်းကိုင်ကိုင်ချင်းမှာပဲ တစ်ဖက်လူရဲ့  မေးခွန်းတွေ က ဆက်တိုက် ထွက်လာတယ်။

"ခွန်းယံ မရှိဘူး... ဖုန်းက အဆောင်မှာကျန်ခဲ့တာ..."

*အော်... သူ အခုထိပြန်မရောက်သေးဘူးပေါ့...
ဒီအချိန်ဆိုရင် အဆောင်ပိတ်သွားပြီမလား*

"ဟုတ်တယ်"

စိုင်းသော်ရာ၏ မကျေမနပ် ကျိန်ဆဲလိုက်သည့် အသံနှင့် အတူ
ဒေါသထွက်နေသလို အသက်ရှူသံပြင်းပြင်းကို ထိုက်ဟုန်စစ် ကြားလိုက်သည်။

*အဲ့ဒါဆို သူပြန်လာရင် ဖုန်းပြန်ဆက်‌ပေးလို့ ပြောပေးလို့ရမလား *
စကားအသွားအလာသည် စိတ်မရှည်တာရော စိတ်ပူတာနဲ့ပါ ရောထွေးနေသည်။

"သူ ပြန်‌ရောက်လာတာနဲ့ ပြောပေးပါ့မယ် "

စကားတစ်ခွန်း နှစ်ခွန်းလောက် တစ်ဆင့်ပြန်ပြောပေးတာလောက်ကတော့ သူ့အတွက်အပန်းမကြီးဘူး။

ထိုက်ဟုန်စစ်သည် စိုင်းသော်ရဲ့ ဖုန်းခေါ်ဆိုမှာဟာ ချစ်သူရည်းစားတွေကြားမှာ ဖြစ်လေ့ဖြစ်ထရှိတဲ့ ကတောက်ကဆပြဿနာနဲ့ ပတ်သတ်မယ်လို့ပဲ တွေးမိပြီး ဘာကိုမှ ထွေထွေထူးထူး ဆက်စပ်မစဉ်းစားခဲ့ပေ။

နောက်နေ့မနက် မိုးလင်းပြီး အတန်းချိန်တွေ စတင်တဲ့ အထိ ခွန်းယံက အဆောင်ကို ပြန်ရောက်လာခြင်း မရှိ။

ချမ်းသာတဲ့ အိမ်က ကလေးတွေ ညလုံးပေါက်အပြင်ထွက်တာ အထူးအဆန်းမဟုတ်ပေမယ့် အဆောင်နေကျောင်းသားတစ်ယောက်အနေနဲ့ဆို စည်းကမ်းဖောက်ဖျက်ရာကျ မနေဘူးလား။

ကျောင်းသားအဆောင်ရဲ့ လျော့ရဲသည့် စည်းကမ်းထိန်းသိမ်းရေးက စိတ်ပျက်စရာပင်။

VEILS OF MINZARIWaar verhalen tot leven komen. Ontdek het nu