Part (6)

13 5 0
                                    

ပခုံးပေါ်က လေးပင်သည့် အထိအတွေ့တွင် နားထဲရှိ ဆူညံနေသည့် အသံများ ရုတ်ချည်း ရပ်ဆဲသွားသည်။

ခွန်းယံ နောက်ကို လှည့်ကြည့်လိုက်တော့ ထိုက်ဟုန်စစ်က သူ့ပခုံးပေါ်သို့ တင်ထားသည့် လက်တစ်ဖက်ကို ချက်ချင်းပဲ ဖယ်ခွာသွားသည်။

"ခေါ်နေတာ ကြာပြီ ဘာလို့ ပြန်မထူးတာလဲ "

ခွန်းယံက နားနှစ်ဖက်ကို ပွတ်လိုက်ရင်း...
"ငါ... မကြားလိုက်လို့ ဘာပြောစရာရှိလို့လဲ‌ ပြောလေ "

ထိုက်ဟုန်စစ်က မျက်မှောင်ကြုံ့လျက် သူ့အား စိုက်ကြည့်နေကာ

"ငါ့ ပစ္စည်းတွေရောက်လာရင် ဘေးအခန်းကို ပြောင်းဖို့ ပြောထားတယ်မလား
အခုလေးတင် ပစ္စည်းပို့တဲ့ လူက ဖုန်းဆက်တယ် ဘေးနှစ်ခန်းလုံးမှာ လူရှိနေတယ်တဲ့ "

"မဖြစ်နိုင်တာ..."

ခွန်းယံက  အခန်းတံခါးကို ဖွင့်၍ အပြင်ထွက်ပြီး ကိုယ်တိုင် မျက်စိနဲ့ အတည်ပြုလေ၏။

ကော်ရစ်ဒါတွင် luggage နဲ့ ကတ္ထူပုံးအချို့ကို ချထားပြီး ပစ္စည်းလာပို့သည့် သူက အထုပ်အပိုးတွေရဲ့ ဘေးမှာ ရပ်နေသည်။

"ရပါပြီ ပစ္စည်းတွေ ကျနော့် ဘာသာ ကျနော်ပဲ ဆက်ရွှေ့လိုက်ပါ့မယ် "
ခွန်းယံရဲ့ နောက်ကနေ လိုက်ပြီး အခန်းပြင်ထွက်လာသည့် ထိုက်ဟုန်စစ်က ပစ္စည်းပို့သမားကို ပြောလိုက်သည်။

ပစ္စည်းပို့သမားက ကျသင့်ငွေကို ယူကာ ဓာတ်လှေကားထဲဝင်သွား၏။

ခွန်းယံက ဘေးအခန်းမှာ လူရှိနေတာကို မယုံသင်္ကာဖြစ်နေသည့် ပုံဖြင့် ဓာတ်လှေကားကိုတောင် မစောင့်တော့ဘဲ ရိုးရိုးလှေကားကနေ lobby သို့ တန်းဆင်းသွားသည်။

Lobby. တွင် အဆောင်ထိန်းသိမ်းရေး ဝန်ထမ်း ဦးလေးကြီးက သတင်းစာဖတ်နေ၏။

"၃ လွှာက အခန်းတိုင်းက လူပြည့်သွားတာလား ခင်မျ "

"သုံးလွှာတင် မကဘူး အဆောင်တစ်ခုလုံး အခန်းလွတ်မရှိတော့တာ ဘာလို့လဲ အခန်းလိုလို့လား "
ဦးလေးကြီးက သတင်းစာဆီက အကြည့်ကို မခွာဘဲ လေးတွဲ့စွာပြန်ဖြေလာသည်။

VEILS OF MINZARIWhere stories live. Discover now