Part (8)

12 4 0
                                    

"မင်း ငါ့ကို ဘာ မကျေမနပ် ဖြစ်နေလဲ မသိပေမယ့် လက်ထဲက ဓားကို ချပြီး အေးအေးဆေးဆေးပြောရအောင် "

အမိန့်ပေးတာလည်း မဟုတ်သလို ဖျောင်းဖြနေတာလည်း မဟုတ်ပေမယ့် ပြောလာသည့် သူ၏ အသံဩဩက လွှမ်းမိုးနိုင်သည့် အရှိန်အဝါအပြည့်။

ထိုက်ဟုန်စစ်ဟာ အကြမ်းဖက်သည့် နည်းလမ်းကို ရှောင်ပြီး ခွန်းယံနဲ့ ပြေပြေလည်လည်ပဲ ညှိနှိုင်းလိုသည်။
သူက စာကြည့်စားပွဲက ထိုင်ခုံကို ခွန်းယံရဲ့ ကုတင်နားသို့ ဆွဲယူကာ ထိုင်လိုက်၏။

ခွန်းယံမှာ ရန်မူမည့် ပုံမပေါ်သည့် ထိုက်ဟုန်စစ်ကို သေချာအောင် အကဲခတ်ကြည့်နေပြီးမှ ဓားကို အိတ်ကပ်ထဲသို့ ပြန်ထည့်သိမ်းလိုက်ပြီး မေးလာလေသည်။
"မင်းက ဘာလဲ? "

"အဲ့ မေးခွန်းကို ကျော်မယ် "

"မင်းပဲ အေးအေးဆေးဆေး စကားနဲ့ရှင်းဖို့ အရင်ပြောခဲ့တာလေ "

"အဲ့ဒါ ကနေ စဖြေရင် ဘယ်လိုမှ အေးအေးဆေးဆေးပြောလို့ ရတော့မှာ မဟုတ်ဘူး "

ထိုက်ဟုန်စစ်သည် ခွန်းယံ ဘာကြောင့် ရုတ်တရတ်ကြီး ဗွေဖောက်ပြီး သူ့ကို သံသယဝင်လာလဲဆိုတာ မစဉ်းစားတတ်ပေ။

သို့ပေမယ့် ပထမဆုံး မေးခွန်းအနေဖြင့် သူ့အား ဘာလဲလို့  မေးလာတာကို ကြည့်လျှင် သူနဲ့ ပတ်သတ်တဲ့ မူမမှန်တဲ့ အရာတစ်ခုခုကို တွေ့ရှိသွားပြီဆိုတာကို တပ်အပ်သိလိုက်သည်။

လူတွေနဲ့ အနီးကပ်နေဖို့ ဖြစ်လာကတည်းက သူသည် တစ်ချိန်ချိန် ဒီလို ပြဿနာမျိုးပေါ်လာရင် ဖြေရှင်းဖို့ နည်းလမ်းပေါင်းစုံကို စဉ်းစားထားပြီးသားဖြစ်သည်။

အသုံးအများဆုံးနဲ့အထိရောက်ဆုံးနည်းလမ်းက မှတ်ဉာဏ်ဖျောက်ပစ်တာ ဖြစ်ပေမယ့် သူဟာ ခွန်းယံကို အနီးကပ်စောင့်ကြည့်ရမှာဖြစ်လို့ သူ့ရဲ့ မှတ်ဉာဏ်ထဲကနေ ပျောက်ကွယ်သွားမယ့် လမ်းကို မရွေးချယ်နိုင်ပေ။

ပြီးတော့ ခွန်းယံက သူနဲ့ ပတ်သတ်ပြီး ဘာတွေကို ဘယ်လောက် သိထားလဲ မသိတာကြောင့် မှတ်ဉာဏ် ဖျောက်ပစ်ခဲ့ရင်တောင် အလုပ်မဖြစ်မှာ စိုးရသည်။
ဒါ့အပြင် သူ့ကို ခြိမ်းခြောက်ဖို့ ဓားပါးလေးကိုသာ အသုံးပြုတာ ကြည့်ခြင်းဖြင့် သူ့ရဲ့ သာမန်လူတွေထက် စွမ်းအားကြီးမားသည့် မူလပုံသဏ္ဍာန်အမှန်ကို မသိသေးတာ ဖြစ်ဖို့ များသည်။

VEILS OF MINZARIWhere stories live. Discover now