part-30

6.8K 275 13
                                    

"ဘယ်ကိုလည်းဟင်"

"မင်းစိတ်ညစ်နေမယ်ထင်လို့ပါ စိတ်ပြေလက်ပျောက် မုန့်လိုက်၀ယ်ကျွေးဖို့"

"ဟာ မဟုတ် တာ မမသိရင်"

နားထင်ကြောကို ခပ်ဖွဖွပွတ်ရင်း
မျက်လွှာလှန်ကြည့်လာသည့် ခွန်
ညို့အားပြင်းတဲ့ အကြည့်တွေနဲ့
လူကိုတတိတိကြည့်ရင်း ဟက်ကနဲရယ်ကာ

"လိုက်ပို့မယ်ပြောတုန်း လိုက်ချင်လား ဒါမှမဟုတ်????'

ဒီအကြည့် ဒီအပြောတွေကို ငြင်းဆန်နိုင်ဖို့
သူမ မစွမ်းသာ
ကိုယ့်ဘက်ကို ဒီလိုအကြည့်မျိုးရောက်လာဖို့
ဘယ်လောက်တောင်ရူးသွပ်ပြီးစောင့်ခဲ့ရလည်း

"ဟုတ် လိုက်ခဲ့ပါမယ်"

"စကားမစပ် ကျေးကျေး ဒီနေ့အရမ်းလှနေတယ်"

ခြေဖျားလေဖျားတွေအေးကနဲဖြစ်သွားရကာ
လူက တိမ်စိုင်ပေါ်ရောက်သွားသည့်နှယ်

"မ‌ မနေ့က လုပ်ရပ်အတွက်"

"စိတ်မပူပါနဲ့ ငါက ကာကွယ်ပေးမှာမို့"

ကားတံခါးကိုဖွင့်ပေးရင်း ခွန် က ကျေးကျေးရဲ့ ခေါင်းကို ဖွဖွလေးပွတ်ပေးလိုက်သည်။

မျက်ရည်တို့ထွက်ကျမလာခင်မှာ ကားထဲ ၀င်လိုက်ပြီး ခုန်ပေါက်နေသောရင်အစုံကို ထိန်းချုပ်နေရသည် ။

ငယ်ငယ်ထဲက ဒီလူကိုကြည့်ပြီး ရှင်သန်လာခဲ့ရတာ
အားလူံးပေါ်မှာ မာကျောပေမယ့် ကိုယ့်အပေါ်မှာ နူးညံ့ပြခဲ့တာမို့လို‌့
သေချာပေါက် ကိုယ့်အပိုင်လို့မှတ်ယူမိသည့်အထိ စွဲလမ်းမှုတွေက အမြစ်တွယ်ခဲ့သည်။

ဘိုးလေးတောိအိမ်ကနေကယ်ထုတ်ပြီး ကျောင်းထားရာကနေ အပူတပြင်းပြန်ခေါ်တော့ ၀မ်းသာသွားခဲ့ရတာ
ခွန့့် ရဲ့အနားမှာနေရတော့မယ်အထင်နဲ့

သို‌့ပေမယ့် သူမတွေးသမျှတွေဟာ တက်တက်စင်အောင်လွဲခဲ့သည်။

အဆက်သွယ်တစ်နှစ်လောက်ပျက်ပြီး ချက်ချင်းကျောင်းကနေခေါ်ချလာတာ သူ့ရဲ့မဟေသီကိုစောင့်ရှောက်ဖို့တဲ့လေ

ယူကြုံးမရတဲ့စိတ်က ထိုမိန်းမကိုသတ်ပစ်လိုက်ချင်ပေမယ့် သူတို့ဆက်ဆံရေးကလည်း ထင်သလောက် မပြေလည်တာမို့
အရင်ဆုံး ဟန်ဆောင်ကာ ယုံကြည်မှုကိုအရယူနိုင်ခဲ့သည်။

ခါးသက်ပြင်းရှတဲ့ဝိုင်တစ်ခွက် ယစ်မူးစေသောသိုးငယ် မူးမိုက္မိသောသားရဲWhere stories live. Discover now