Part 2

140 23 6
                                    

<Part 2>

မနက်မိုးလင်းတာနဲ့တပ်တစ်ခုလုံးအလျင်အမြန်ထကာဘယ်လောက်မှမလိုတော့တဲ့နန်းတော်ကိုရောက်အောင်ကြိုးစားကြရတော့တယ်။
တစ်နာရီလောက်ကြိုးစားသွားနေခဲ့ရတဲ့တပ်ဖွဲ့ဟာနာကျင်မှုများကိုလျစ်လျူရှုလျက်သာပန်းတိုင်ဆီသို့ရောက်ရှိသွားတော့တယ်။
နန်းတော်ရောက်တာနဲ့မင်းကြီးတို့ကဆီးကြိုနေကြပြီ၊

"သားတော်အဆင်ပြေရဲ့လား"

"ခရီးပန်းနေပေမယ့်အဆင်ပြေပါတယ် တပ်သားတွေတော့အတော့်ကိုထိခိုက်ထားပါတယ်ခမည်းတော်။
ဟန်နိုင်ငံကိုပြန်တိုက်နိုင်မှာမဟုတ်တာမို့လက်ဆောင်ပဏ္ဍာဆက်သပြီးအရင်အခွန်အတိုင်းဘဲထားဖို့ပြန်ပြောရမယ်ထင်ပါတယ်"

"အဲ့ကိစ္စတွေအသာထားပါ ရလာတဲ့ဒဏ်ရာတွေသာဆေးထည့်ဦးနော်သားတော်"

"မှန်လှပါ"

မင်းသား Hoseok လည်းခမည်းတော်ကိုနှုတ်ဆက်ပြီးတာနဲ့နန်းဆောင်ကိုလာခဲ့တော့တယ် စစ်သူကြီး Kim တပ်မှူး Park ကိုယ်ရံတော်သခင်လေး Jeon တို့လည်းလိုက်ပါလာခဲ့တယ်

"အိုးဟိုး......ဒဏ်ရာတွေများလှချည်လားညီငယ်ရယ် ဂရုစိုက်မှပေါ့ ။ညီငယ်ရဲ့နောက်လိုက်တွေကအပြည့်အဝကာကွယ်မပေးနိုင်ဘူးညံ့လိုက်တာ"

ထိုသူ၏စကားကြောင့်အကုန်လုံးဟာမျက်နှာပျက်သွားရတယ် အမှန်တော့သူတို့လည်းအတတ်နိုင်ဆုံးကာကွယ်ပေးခဲ့တာဘဲလေ မြှားလာတာကိုအချိန်မီမတားနိုင်လို့သာ။

"သူတို့လည်းအတတ်နိုင်ဆုံးကြိုးစားခဲ့တာပါဘဲနောင်တော်"

"ဟဟ ဟုတ်ပါပြီ
ကိုယ်ရံတော်သခင်လေး jeon နောက်တစ်ခါကောင်းကောင်းစောင့်ရှောက်ကွယ်ဟုတ်ပြီလား"

"မှန်လှပါ အခုကိစ္စမှာထူးဆန်းတဲ့အချက်ရှိပါတယ် မင်းသား"

"ထ...ထူးဆန်းတာ ဆိုစမ်းပါဦး"
ကိုယ်ရံတော်သခင်လေး၏စကားကြောင့်ထိတ်ပြာသောမျက်နှာထားဖြင့်ဆိုလာလေသည်။

"ကျွန်တော်တို့ဘဲသိတဲ့အကြောင်းအရာကိုဘယ်လိုလုပ်သိနိုင်မလဲသူလျိုတစ်ယောက်တော့ရှိနိုင်တာပေါ့ သိုးယောင်ဆောင်တဲ့ဝံပုလွေလို
ဘယ်သူဆိုတာတစ်ချိန်တော့ဖော်ထုတ်နိုင်မှာပါ"

KIM & JUNG (Ongoing)Where stories live. Discover now