Part 6

80 22 2
                                    

<Part 6>

ဂျွန်နာဘီတစ်ယောက်အပြန်လမ်းတွင်ပျော်ရွှင်နေသော်လည်းအိမ်တော်ရှေ့ရောက်သောအခါမပျော်နိုင်တော့။
သူမအပြောဆိုခံရပါဦးမည်

မိန်းကလေးဖြစ်ပြီးတိုက်ခိုက်ရေးပညာသင်ယူခြင်းကိုမနှစ်သက်သောအဖေကြောင့် သူမဘဝကရီချင်စရာကောင်းသည်မလား အခြားသူများအဖေများသည်သမီးဖြစ်သူအားသန်မာစေချင်သည်သို့သော်သူမ၏ဖခင်ကားဤသို့မဟုတ်။

အမေကဘာမှမပြောပေမယ့်အဖေဖြစ်သူကတော့
သူမကိုအမြင်မကြည်ပေ မိန်းကလေးမို့တိုက်ခိုက်ရေးကိုမလုပ်ရဘူးဓားမကိုင်ရဘူးစသဖြင့်တင်းကျပ်လွန်းလှသောစည်းကမ်းချက်ရှေးရိုးစွဲတွေ

မိန်းကလေးလည်းပုခုံးနှစ်ဖက်ကြားကခေါင်းပေါက်တာဘဲ ယောင်္ကျားလေးလည်းပုခုံးနှစ်ဖက်ကြားကခေါင်းပေါက်တာဘဲလေ
ဘာများကွာနေသလဲ?
သူမ၏လက်စွဲစကားမှာ ^ယောင်္ကျား၊မိန်းမမရွေးသာတူအခွင့်ရသင့်သည်^

အစ်ကိုဖြစ်သူကိုအမှန်တကယ်အားကျပါသည် အားသန်ရာကိုလွတ်လွတ်လပ်လပ်သင်ယူနိုင်သည်၊လုပ်ဆောင်နိုင်သည်
အတွေးများမဆုံးခင်ပင်...

"jeon Nabi နင်ဘယ်ကနေပြန်လာတာလဲ"

"အစ်ကိုထယ်ယောင်းဆီကပြန်လာတာလေ ဘာလို့လဲ"

"နင့်ကိုငါမပြောထားဘူးလား သူတို့နဲ့အရောတဝင်မနေနဲ့လို့ မင်းသားဟိုချီကိုသာကောင်းကောင်းသွားဆက်ဆံစမ်းပါ ပြီးတော့မိန်းကလေးဆန်ဆန်နေစမ်းဘာလဲ​တိုက်ခိုက်ဖို့ချည်းတွေးနေတယ် အချိန်တန်ယောင်္ကျားယူရမှာအိမ်ထောင်မှုမနိုင်နင်းရင်မရဘူးနာဘီ"

"ဟက် လာပြီနောက်ဆုံးဒီလမ်းဘဲရောက်တော်မူတယ် ဟ ဟ"

ခနဲ့သလိုရွဲ့သလိုပြောလာသူကြောင့် jeon သခင်ကြီးမှာဒေါသများထွက်လာရတော့သည် ။
သူဖြစ်စေချင်တာကမိန်းမသားပီပီသိမ်သိမ်မွေ့မွေ့နေစေချင်သည် ။
ပြီးတော့ဖြစ်နိုင်လျှင်အတတ်နိုင်ဆုံးမင်းသားဟိုဆော့တို့နှင့်ပါရှောင်စေချင်သည် မင်းသားဟိုဆော့သည်ကိုယ့်တူဖြစ်သော်ငြား
အိမ်ရှေ့စံဖြစ်မည်သူကမင်းသားဟိုချီမဟုတ်ပါလား ၊သားကြီးကိုမနိုင်လို့လွှတ်ထားပေမယ့်သမီးကိုတော့စကားနားထောင်စေချင်သည် ။မင်းသားဟိုဆော့နဲ့အမျိုးတော်သူမို့တစ်ခုခုဆိုသမီးလေးကိုထိခိုက်လာမှာမလိုလား။ ​သားသမီးနှင့်ဆွေမျိုးယှဥ်လျှင်သားသမီးကိုသာအချစ်ပိုသည်မှာမိဘတိုင်းပင်ဖြစ်လေသည်

KIM & JUNG (Ongoing)Where stories live. Discover now