<<<Part 11>>>

57 19 2
                                    

<Part 11>

"သားတော်! မင်းမဟုတ်တန်းရားတွေစွပ်စွဲပြောဆိုမနေစမ်းနဲ့!"

မင်းကြီး၏အသံမှာနန်းဆောင်ထဲဝယ်ဟိန်းကနဲ
အချို့သောအကြောင်းရာတို့ကား သိလို့သွားခဲ့ပြီ

"ခမည်းတော် မယုံရင်အဲ့နေ့ညကအနောက်ဘက်ဥယျာဥ်တော်မှာတာဝန်ကျတဲ့သူတွေကိုမေးကြည့်နိုင်ပါတယ်"

"ငါ သားတော်ငယ်ကိုမေးပြီးသူကိုယ်တိုင်ပြောမှလက်ခံတော်မူမယ်"

"ခမည်းတော် ဘယ်သူခိုးကမှသူကပစ္စည်းခိုးသည် ဆိုပြီးဘယ်တော့မှခုံရုံးကိုရောက်မလာဘူး"

သားဖြစ်သူ၏စကားကြောင့်မင်းကြီးဟာလည်းဘာမှမပြောနိုင်တော့။
အမှန်တကယ်သူအချစ်ပိုရသောသားဖြစ်သူကငယ်စဥ်ကတည်းကပုခုံးဖက်ပေါင်းစေခဲ့တဲ့သူနဲ့အချင်းချင်းမေတ္တာမျှနေသည်တဲ့ ပြီးတော့မိန်းကလေးမဟုတ်ယောင်္ကျားလေးတွေ။

"အပြင်မှာအထိန်းတော်ချုပ်ရှိလား"

"ရှိပါတယ်မင်းကြီး"

"မြန်မြန်သွားပြီးသားတော်ငယ်နဲ့စစ်သူကြီးသား tae hyung တို့ကိုသွားခေါ်စေ"

"မှန်လှပါ"

အထိန်းတော်ချုပ်ဟာလည်းမင်းကြီး၏အမိန့်ကြောင့်ရှာဖွေနေလေသည်။ ထိုစဥ်ပင်အရှေ့မှအချင်းချင်းလက်ယှက်သွယ်ကာလာနေသော
မင်းသားhoseok နဲ့ သခင်လေး tae hyung ကိုတွေ့ရသည်မို့အနားရောက်အောင်သုတ်ခြေတင်သွားလိုက်လေသည်။
အထိန်းတော်ချုပ်အားမြင်သည်နှင့်လက်တို့အားဖြုတ်ချလိုက်ပါသောသူတို့။ ကြည်နူးနေစရာအခိုက်အတန့်လေးဟာရပ်တန့်သွားတော့မည်လားမပြောတတ်။

"မင်းသားနဲ့သခင်လေးမင်းကြီးရှာနေပါတယ် လိုက်ခဲ့ပေးပါဦး"

"ခမည်းတော်က? ဘာကိစ္စရှိလို့ပါလဲ အထိန်းတော်ကြီးရဲ့"

"ကျွန်တော်မျိုးလည်းမသိပါဘူး အမြန်ရှာဖို့သာမှာလိုက်တာတာမို့လိုက်ခဲ့ပေးပါဦး"

"ဟုတ်ပြီ ရှေ့ကသွားပါအထိန်းတော်ချုပ်" - Kim

အထိန်းတော်ချုပ်ရှေ့မှသွားသည်နှင့်မင်းသားငယ်ဟာလှည့်ကြည့်လာခဲ့သည်။tae hyung ဟာလည်းအဆင်ပြေမှာပါဆိုသည့်အပြုံးတို့နှင့်ပြန်လည်ပြုံးပြခဲ့လေတယ်။

KIM & JUNG (Ongoing)Where stories live. Discover now