Part 7

65 18 2
                                    

<Part 7>

ကံကောင်းသည်ဟုပြောရမည်လား
ဟန်နိုင်ငံဘက်ကဖြစ်ခဲ့သည့်ကိစ္စများအား
သင်ပုန်းချေပေးသည်။
မင်းကြီးလည်းထိုကိစ္စအားစဥ်းစားပေးရန်အလျော့မတင်းဆိုထားသည်မို့ နှစ်ဖက်နိုင်ငံအခြေအနေမှာကောင်းသည်ဟုသာဆိုရပေမည်။

မှောင်ရိပ်ထဲတွင်လျင်မြန်သောအရိပ်တစ်စုံသည်ရဲမက်တွေအားရှောင်တိမ်း၍နန်းတော်ဂိတ်ဝမှနန်းပြင်တည်းခိုဆောင်တစ်ခုသို့ထွက်ခဲ့၏ ။
ဟန်မင်းသမီး၏ကိုယ်ရံတော်အားသွားတွေ့ခြင်း

"ဟွန်းကိုယ်ရံတော် ဟန်မင်းသမီးကိုပေး ပေးပါ မင်းသားဟိုချီဆီကစာပါ"

"ဟုတ်ပြီ မင်းသားကိုပြောလိုက်ပါ ဖြစ်ခဲ့ပြီးတဲ့ကိစ္စတွေဟာသေးသေးလေးမဟုတ်ဘူးအဖြစ်မှန်တွေအရဆိုဂျိုဆွန်းဘက်ကကြည့်ရင်မင်းသားဟာသစ္စာဖောက်ဖြစ်တာမို့ ဂရုစိုက်ဖို့မင်းသမီးကမှာလိုက်ပါတယ်"

"ဟုတ်ကဲ့ပါ ကျွန်တော်မျိုးပြန်ပြောပေးပါမယ်"

"ပြီးတော့ပတ္တမြားလက်စွပ်ပါ မင်းသားဖို့"

"ကျေးဇူးကြီးမားလှပါတယ်"

ဟွန်းကိုယ်ရံတော်ဆီမှအပြန်လမ်းတစ်လျှောက်သူတွေးနေမိသည်
သူကားမင်းသားဟိုချီ၏ကိုယ်ရံတော်အို ။
ထိုနေ့ည...သစ္စာဖောက်မှုကြံရာပါအဖြစ်သူဖြစ်ခဲ့သည် မင်းသားသည်မိမိနိုင်ငံအတွက်မကြိုးစားဘဲပြည်သူတွေ
အတွက်သာရည်ညွှန်းသောကိစ္စအားရှုံးနိမ့်အောင်လုပ်ခဲ့သည်မဟုတ်ပါလား ဟန်မင်းသမီးကဟန်နိုင်ငံအကျိုးဖြစ်ဖို့သာ
လိုလားတာမို့မင်းသားကအချက်အလက်တို့ကိုပြောပြလိုက်လျှင်လက်ဆောင်ပဏ္ဍာများပို့ပေးသည် မင်းသားသည်ဤသည်ကိုပင်သဘောကျနေသည်လားမပြောတတ်။
မင်းသားသည်...
ငယ်စဥ်ကတည်းကစိတ်အားငယ်လျှင် ငိုနေမည်မှိုင်တွေနေမည်စသည်တို့အစားလေ့ကျင့်ရေးကွင်းထဲတွင်မြားပစ်ခြင်း အချင်းချင်းတိုက်ခိုက်စေခြင်းအဆုံးမိမိကိုယ်ကိုဒဏ်ရာရသည်အထိပြုလုပ်ပြီးမှအသိစိတ်ပြန်ဝင်လာသည်
မိမိ၏အရှင်သခင်မို့မစော်ကားလိုသော်ငြားတစ်ခါတစ်ရံအရူးတစ်ယောက်နှယ်
တဖြည်းဖြည်းမင်းသားအနားမှာတောင်သူမနေချင်တော့ပါ။

KIM & JUNG (Ongoing)Where stories live. Discover now