<<<Part 14>>>

94 13 2
                                    

<Part 14>

နယ်စပ်နန်းတော်ငယ်တွင်အစေခံများသည်အပြေးအလွှား။ ။
မင်းသားငယ်တို့လာမည်ဖြစ်၍ပြင်ဆင်နေကြခြင်း။

ယင်းတို့ထဲတွင်လောကဖြစ်စဥ်နှင့်ဆန့်ကျင်နေ၍
မလာစေချင်သော၊
မမြင်တွေ့ချင်လိုသော၊ရွံရှာကြသောသူများရှိသကဲ့သို့ ချစ်ခြင်းမေတ္တာသည်မည်သူ့ပေါ်တွင်မဆိုဖြစ်နိုင်သည်ဟုယူဆ၍ကြိုဆိုနေကြသောသူများလည်းရှိသည်။ ။
အချို့မှာအရှင်သခင်၏အမိန့်တော်အတိုင်းလိုက်မနာရဲသူမရှိသည်မို့သာပြုလုပ်နေကြသူများ။

အမှန်ဆိုမည်သည့်နေရာတွင်မဆို အကောင်းဘက်မှတွေးသူနှင့်အဆိုးဘက်မှတွေးသူတို့ဟာယှဥ်တွဲနေမြဲ။ ဘယ်အရာမဆိုမျက်စိဖြင့်ကြည့်သော်လည်းအတွေးအမြင်တို့ကားမတူညီကြချေ။

···Min Yoon Gi···

နယ်စပ်နန်းတော်ငယ်၏အရှင်သခင်တစ်ဖြစ်လဲသူသည်အလွန်ပင်ဖြောင့်မတ်ပါသည်။ အမှန်တရားကိုသာမြတ်နိုးသည်မို့ကျော်ကြားခြင်း။ ။
မဟုတ်လျှင်မခံ၊ အပြစ်ရှိလျှင်လည်းမည်သည့်မျက်နှာမှမထောက်ကာအပြစ်ပေးလေ့ရှိလေသည်။ ။
.
.
.

"မြို့စား မင်းသားတို့ရောက်လာပါပြီ"

"ဟုတ်ပြီ
သွားကြိုရအောင်
ဒါနဲ့နေရာထိုင်ခင်းတွေအကုန်ပြင်ဆင်ပြီးပြီလား"

"ပြီးစီးကြောင်းပါ နယ်စားမင်း"
.......................................

တစ်စတစ်စနှင့်နီးလာသောမြို့အဝင်ကြောင့်လမ်းတစ်လျှောက်ပုခုံးထက်ဝယ်အိပ်စက်လာသော
ချစ်ရသူကိုနှိုးရပါတော့မည်။ အောက်ငုံ့ကြည့်သော်ကအမြင်မလွှဲချင်တော့ပါ။ မျက်တောင်စိပ်စိပ် ။ နှုတ်ခမ်းပါးပါး ။ ပါးမို့မို့က အရင်ဘဝကဆုတောင်းလှခဲ့ကြောင်းသက်သေခံ။

ယောင်္ကျားလေးတစ်ယောက်ဖြစ်သည့်အလျောက်သန်မာသော်လည်း အိပ်နေချိန်ဝယ်ကလေးငယ်တစ်ဦးအိပ်နေသယောင်ပင်။
အရည်အချင်း ၊ ရုပ်ရည် ၊ စိတ်ထား ပြည့်စုံသူကိုချစ်မြတ်နိုးမိသည်က ကျွန်ုပ်၏အမှားမဟုတ်ချေ။

"jung ငယ် ထတော့ရောက်ပြီ"

"ဟင်"

အလန့်တကြားမျက်အိမ်ငယ်တို့အားဖိပွတ်နေမှုကြောင့် kim မှာတားဖို့ပြင်ရသည်။ ကလေးမဟုတ်တဲ့ကလေးငယ်ဟာအလွန်ချစ်ဖို့ကောင်းလှသည်။
သူ့အားချစ်မိခဲ့သည့်ကားအမှားဟူရယ်မရှိပါ၊ နောင်တသည်ကား ဝေး သည်ထက် ဝေး လေသည်။

KIM & JUNG (Ongoing)Where stories live. Discover now