Description

3.3K 112 0
                                    


Description

အမြဲလိုလို သူ့ကို သေစေချင်နေသည့်သူ့ဇနီးက ကားမတော်တဆမှုဖြစ်ပြီးနောက် အတိတ်မေ့သွားတာကို သိလိုက်ရတယ်...

သူမ အရမ်းပြောင်းလဲသွားတယ် ...လုံးဝတခြားတစ်ယောက်လိုပြောင်းလဲသွားခဲ့တယ်...

သူအလုပ်သွားတဲ့အခါ : : အချစ်မလုပ်နဲ့... ကျွန်မ ရှင့်ကို ဖိနပ်စီးပေးမယ်...

သူထမင်းစားတဲ့အခါ : : အချစ်ရေ ကျွန်မရှင့်အကြိုက်လေးတွေချက်ထားတယ်... ရှင်က အလုပ်ကြိုးစားနေရတာမို့ များများစားနော်...

သူအလုပ်ပြီးတဲ့အခါ : : အချစ်ရေ ရှင်က ပင်ပန်းလာခဲ့တာဆိုတော့ ရှင့်ပခုံးနဲ့ခြေထောက်ကို နှိပ်ပေးပါရစေ...

ကျိယန် "......"

......

ထန်ထန် တစ်ယောက် သူမကို အမြဲလိုအနိုင်ကျင့်တတ်သည့် ညီမဝမ်းကွဲက တွန်းချခြင်းကြောင့် ရေထဲပြုတ်ကျသွားခဲ့တယ်...

ကောင်းကင်ဘုံက သူမမိခင်နဲ့တွေ့ရလိမ့်မယ်လို့ထင်ခဲ့ပေမဲ့လဲ...

သူမမျက်လုံးဖွင့်လိုက်တဲ့အချိန်မှာ သူမ မသိတဲ့နေရာစိမ်းတစ်ခုမှာရောက်နေလိမ့်မယ်လို့ ဘယ်သူကသိမှာတဲ့လဲ...

ဒါပေမဲ့ သူမကိုပျော်ရွှင်စေတဲ့အရာတစ်ခုကတော့...သူမမှာ အရမ်းခန့်ငြားချောမောလွန်းတဲ့ ခင်ပွန်းသည်နဲ့ ချစ်စရာကောင်းတဲ့ပေါက်စီလုံးလေးရှိနေတာပဲ...

ခင်ပွန်းသည်က တိုင်ပြည်ကာကွယ်တဲ့လူစွမ်းကောင်းတစ်ယောက် ဖြစ်တဲ့အပြင် ဝင်ငွေအားလုံးကိုလဲ သူမနဲ့သားလေးအတွက်ပဲသုံးပေးတယ်...

ပြီးတော့ သူမတစ်ယောက်ထဲကသာ တစ်ဦးတည်းသော ဇနီးမယားဖြစ်ပြီး အငယ်အနှောင်းလည်းမရှိဘူး...

ထန်ထန် တစ်ယောက် သူမခင်ပွန်းသည်ရဲ့အရိပ်အောက်မှာပဲနေပြီးတော့...လိမ္မာကောင်းမွန်တဲ့ဇနီးသည်နဲ့ ချစ်စရာကောင်းတဲ့မိခင်တယောက်လုပ်ဖို့ ဆုံးဖြတ်ချက်ချလိုက်တယ်...

ဇနီးချောလေး (Completed)Where stories live. Discover now