21-25

1K 53 0
                                    

Part 21

ကျိယန် ထွက်သွားပြီးတဲ့နောက် ထန်ထန်တို့နှစ်ယောက် သာ အိမ်မှာကျန်ခဲ့တယ်။

ကျိယန်  ထွက်သွားတာကို ၀မ်းနည်းနေတာရှောင်ကျိုး တစ်ယောက်တည်းမဟုတ်ပေ။ သူမလဲ အတူတူပဲခံစားနေရတာဖြစ်တယ်။ သူနဲ့ ရက်အနည်းငယ်သာ စကားပြောဖြစ်ခဲ့ပေမယ့်လဲ သူမနှလုံးသားထဲကတော့ သူ့ကိုလွမ်းနေတာဖြစ်တယ်။

ဒါကလဲ သူက သူမအပေါ် ကောင်းမွန်စွာဆက်ဆံတာကြောင့်ဟု သူမယုံကြည်ထားတယ်။ ငယ်စဉ်ကတည်းက သူမရဲ့ အထိန်းတော်ကလွဲလို့ သူမကိုဘယ်သူမှ ကောင်းမွန်စွာမဆက်ခံခဲ့တဲ့အတွက် အခုလိုဖြစ်နေတာလို့သူမထင်မိတယ်။ ဖုန်းမျက်နှာပြင်ကိုထိတွေ့ရင်း သူမပြုံးလိုက်မိတယ်။

သူမ ဖုန်းကိုအရင်ကမြင်ဖူးထားတယ်။ တီဗီဇတ်လမ်းတွေထဲမှာ အမျိုးသားဇတ်လိုက်အသုံးပြုတဲ့ ဖုန်းနဲ့အတူတူပဲဖြစ်တယ်။ ဒီဖုန်းက မေးမကြည့်ပဲနဲ့တောင် စျေးကြီးမှန်း သူမ ခန့်မှန်းလို့ရတယ်။ အဲ့ဒါကြောင့် သူမက မတော်တဆပြုတ်ကျမှာကြောက်ပြီး တယုတယနဲ့ သတိကြီးစွာထားနေရတယ်။

သူ့မာမီ ပြုံးနေတာကို မြင်လိုက်ရတဲ့ အသေးလေးက အနားကပ်သွားပြီး သူမဘောင်းဘီစကိုဆွဲကာ

“ မာမီ, ဘာဖြစ်လို့လဲဟင်’’

သူမ လက်တွေ့ဘ၀ကို သတိပြန်ဝင်သွားပြီးတဲ့နောက် ပါးနှစ်ဖက်လုံးနွေးသွားတယ်

“ ဘာမှမဟုတ်ပါဘူး, မာမီက ဖုန်းဘယ်လိုသုံးရလဲဆိုတာ စဉ်းစားနေတာ’’

ကျိရှောင်ကျိုး  ချက်ချင်းပဲ နားလည်သွားကာ

“ ဖုန်းဘယ်လိုသုံးရမလဲ မသိဘူးလား မာမီ...’’

တက်ဘလက် ဘယ်လိုသုံးရမလဲဆိုတာတောင် မသိခဲ့တဲ့အတွက်  ဖုန်းကိုလဲ သူမ မသုံးတတ်လောက်ဘူးဟုယူဆလိုက်ပြီး သူ့မာမီအတွက် ချက်ချင်းပဲစိုးရိမ်သွားတယ်။ မာမီက အရမ်းရိုးအတာပဲ။ သူမသာ သူနဲ့အတူ မရှိဘူးဆိုရင် ဘယ်လိုလုပ်မလဲ? အဲ့ဒါ အရမ်းစိုးရိမ်ဖို့ကောင်းတယ်။

အမှန်အတိုင်းပြောရရင် သူမ ဖုန်းဘယ်လိုသုံးရလဲ မသိပါဘူး။ အဲ့ဒါက သူမအတွက် အရမ်းရှုပ်ထွေးလွန်းတယ်။ ဘယ်ကနေ စရမှန်းတောင် မသိတော့ဘူး။

ဇနီးချောလေး (Completed)Where stories live. Discover now