Extra 2

527 30 0
                                    

Extra 2

ကောင်မလေး ၏လှပလှသော  လှုပ်ရှားမှုများကို ကြည့်ရုံဖြင့် သူမကဘတ်စကတ်ဘောကျွမ်းကျွမ်းကျင်ကျင် ကစားတက်ကြောင်း အားလုံး ပြောနိုင်ပေသည်။သူမက ကောင်လေးအများစုထက်ပင်ပို၍ကောင်းနေသော်လည်း ကျိရှောင်ကျိုးနဲ့ယှဉ်လျှင်တော့ ဒုတိယ သာဖြစ်ပေလိမ့်မည်။

သဘာဝကျစွာဖြင့် လှပပြီး  ကောင်းကောင်းကစားတတ်သော မိန်းကလေး က အားလုံး ၏အာရုံကို ဆွဲဆောင် သွားလေသည်။အခန်း ၁ မှ ကစားသမားများဖြစ်စေ...ကြည့်ရှု့သူများဖြစ်စေ အားလုံးဆွဲဆောင်ခံလိုက်ရသည်။

သူမ၏အမည်က ဝေ့ကျား ဖြစ်ပြီး မြို့တော်မှပြောင်းလာသည့်သူဖြစ်သည်။သူမက ပေကျင်းလေယူလေသိမ်းဖြင့်စကားပြောပြီး အင်္ဂလိပ် စကားကိုလည်းပြောနိုင်သည်။သူမက အရပ်မြင့်ပြီး ပိန်ပါးသွယ်လျှသည်။အသားအရည်က နှင်းကဲ့သို့ ဖြူစွတ်နေပြီး သူမဝတ်သည့်အဝတ်စားများအားလုံး ကလည်း ဘရန်းဒတ်များပင်ဖြစ်သည်။သူမပြုံးလိုက်သည့်အခါတွင်လည်း ပါးချို င့်လေးများကိုမြင်နိုင်သည်။သူမကြီးလာသည့်အခါ၌ အံ့အားသင့်စရာကောင်းလောက်အောင် လှပလာမည်ကို အားလုံးပြောနိုင်ပေသည်။

၁၂နှစ် ၁၃နှစ် အရွယ်ကောင်ကလေးများက ဆန့်ကျင်ဘက် လိင်အပေါ်ချစ်ခင်မှု့ကို စတင်၍ခံစားတတ်လာနေပြီဖြစ်သည်။ကလေးများက တိတ်တဆိတ် ဒိတ်လုပ်သည့် ကိစ္စ များလည်းရှိလာသည် ။ကလေးများ၏မျက်လုံးထဲတွင်သို့ ထိုကဲ့သို့ ဒိတ်ခြင်းကသာမန်ဖြစ်ရပ်ပေ။

သဘာဝကျစွာဖြင့် ဝေ့ကျား ကဲ့သို့လှပသော မိန်းကလေး ကယောက်ျားလေးများ၏ အာရုံစိုက်မှုကိုရရှိထားပြီးပေလေပြီ။သူမကျောင်းစတက်သည့်ဒုတိယနေ့မှာ ပင် သူမ၏ခုံပေါ်၌ အချစ်စာလွှာများ ပုံအောနေပေသည်။လဝက်အတွင်းမှာပင် ဝေ့ကျားက ကျိရှောင်ကျိုးနှင့်ပင် ယှဉ်နိုင်သော ကျော်ကြားသည့်သူတစ်ယောက်ဖြစ်လာသည်။သူမက ကျောင်း၏အလှလေးများ စာရင်း ထိပ်ဆုံးသို့ရောက်ရှိသွားလေသည်။သို့သော်လည်း ဝေ့ကျားက အားနည်းပြီး နူးညံ့သိမ်မွေ့သော ကျောင်းအလှလေးများနှင့် ကွာခြားလှပေသည်။သူမက နေရောင်အောက်က လှုပ်ရှားမှုဖြစ်သော အားကစားနည်းများကို ကြိုက်နှစ်သက်သည်။ယောက်ျားလေးများက အားကစားကိုကြိုက်နှစ်သက်သလို သူမက လည်းကြိုက်နှစ်သက်သောကြောင့် သူတို့အတွက်အလွန်ပင် ကောင်းမွန်လေပေသည်။

ဇနီးချောလေး (Completed)Where stories live. Discover now