"တီး တောင်"
"ဘာလဲ ဘာကိစ္စလဲ"
"မင်းကိုကျောင်းသွားဖို့လာခေါ်တာလေ "
"ဘယ်အချိန်ရှိပြီလဲ"
"ဟို ငါမနက်ကအိပ်ရထတာနည်းနည်းလေးနောက်ကျသွားလို့ပါ
စိတ်မဆိုးပါနဲ့နော်""သွားစမ်းပါ"
"ထယ်ယောင်း ကင်ထယ်ယောင်းလို့ ငါတောင်းပန်တယ်လေ ငါတကယ်ညကအိပ်ရာဝင်တာနောက်ကျသွားလို့ ထယ်ယောင်း ငါ့ကိုခေါ်ပါနော် စိတ်မဆိုးပါနဲ့လို့ ဟျောင့် ထယ်ယောင်း ကင်ထယ်ယောင်းလို့"
"ဂျွန်ဂျောင်ဂုငါတကယ်စိတ်နောက်လာပြီနော် ပါးစပ်ပိတ်ပြီးလမ်းလျောက်"
"အေးပါ"
နှစ်ယောက်လုံးစကားတစ်ခွန်းမှမပြောဘဲလျောက်လာလိုက်တာကျောင်းဝန်းထဲရောက်လာလေရဲ့
"ဆရာမဝင်ခွင့်ပြုပါ"
ဂျောင်ဂုအသံကြောင့်ဆရာမရောကျောင်းသားကျောင်းသူတွေပါသူတို့နှစ်ယောက်အားလှည့်ကြည့်လေရဲ့
"ကျောင်းကနောက်ကျပြန်ပြီလား"
"ဟိုနည်းနည်းပါဆရာမကလည်း"
"အတန်းခေါင်ဆောင်ကိုဒဏ်ငွေပေးလိုက်နှစ်ယောက်လုံး "
"ဗျာ"
"အေးလေ နင်တို့ကအတန်းနောက်ကျပြီးဒဏ်ငွေမဆောင်ချင်တာလား"
"ဟို လေ"
"ဆရာမနှစ်ယောက်စာကိုဂျောင်ဂုဆီကယူလိုက်ပါ"
"ထယ်ယောင်း"
ဂျောင်ဂုတစ်ယောက်သူ့ကိုထယ်ယောင်းများသနားမလားလို့ခေါ်ကြည့်ပေမယ့်သူမေ့နေတာကဟိုကအကြင်နာတရားမရှိ
"ဂျောင်ဂု"
"ဟင်ထယ်ယောင်း"
"ပေးလိုက်လေ ပိုက်ဆံ"
"ဟို ဟိုလေ ငါ့မှာ၁၀၀၀ဘဲဲမုန့်ဖိုးရတာလေ "
"အဲ့တာမင်းကိစ္စလေ ဆရာမကျွန်တော်ဝင်ထိုင်ပြီနော်"
"အေးထိုင်လေသား ဟဲ့ဂျွန်ဂျောင်ဂု နင်ဘာလုပ်မှာလဲ "
"ဟိုလေဆရာမ ကျွန်တော်ပိုက်ဆံအိတ်မေ့ကျန်ခဲ့လို့"
"သွားသွားအတန်းရှေ့ဒူးထောက်နေ ၁၅မိနစ်ပြည့်မှဝင်လာခဲ့"
"ဗျာ"
"သွားလေ"
"ဟုတ်ဟုတ်"
အတန်းပြင်ထွက်ခါနီးထယ်ယောင်းအားအကူအညီရလိုရငြားကြည့်သော်လည်းသူ့မျက်ဝန်းတွေအားရှောင်လွှဲခဲ့လေရဲ့
"ဆရာမ"
"ပြောလေသားထယ်ယောင်း"
"ကျွန်တော်အတန်းခေါင်းဆောင်ကိုပိုက်ဆံပေးလိုက်ပြီ နှစ်ယောက်စာ "
"အေးအေး ဟဲ့ဂျွန်ဂျောင်ဂု အတန်းထဲဝင်လို့ရပြီ "
"ဟုတ်ဟုတ်"
အတန်းထဲရောက်ရောက်ခြင်းဂျောင်ဂုတစ်ယောက်ကိုယ့်နေရာကိုယ်ထိုင်ဖို့ပြင်လိုက်ကာမှသူ့ခုံပေါ်မှာတင်ထားတဲ့ထယ်ယောင်းလွယ်အိတ်
"ထယ် ထယ်ယောင်းငါ့ကိုလွယ်အိတ်လေးဖယ်ပေးပါလား"
"ဘာကိစ္စဖယ်ပေးရမှာလဲ"
"ငါထိုင်စရာနေရာမရှိလို့ပါ ငါ့ကိုဖယ်ပေးပါနော်"
"ထိုင်စရာမရှိရင်မတ်တပ်ရပ်နေလေ"
"ဟင်"
"ကျောင်းသားဂျွန်ဂျောင်ဂု!!!"
"ဗျာ!!!!"
"မင်းငါစာသင်နေပြီမထိုင်သေးဘူးလား"
"ဟို ထယ်ယောင်းကသားထိုင်မဲ့ခုံပေါ်လွယ်အိတ်တင်ထားလို့ပါ"
"အဲ့တာဆိုတစ်ခြားခုံပြောင်းထိုင်လေ မင်းမှာဦးနှောက်မပါဘူးလား"
"အခြားခုံမှမရှိတော့တာကို"
"အဲ့တာဆိုလည်းမသိတော့ဘူး ကဲအားလုံးဘဲစာဆက်ကြည့်မယ်"
ဂျောင်ဂုတစ်ယောက်မတ်တပ်ရပ်ကနေအခုထိမထိုင်ရသေး
"ထိုင်ချင်လား"
"ဟုတ်"
"ဟားဟားတအားတွေလိမ္မာနေသလိုဘဲ ဟုတ်ပြီလေငါ့ကိုနမ်းအဲ့တာဆိုထိုင်ခိုင်းမယ်"
"ဟင်"
"နမ်းလေ နှုတ်ခမ်းကိုနော်"
"ဟို လေ ထယ်ယောင်း"
"ကြာတယ်ကွာ"
"အေး အေးပါ"
"ပြွတ်စ်"
"ငါ ငါထိုင်လို့ရပြီလား"
"အွန်း"
⚠⚠⚠⚠⚠⚠⚠
အမြည်းလေးပါ လက်ကမြင်းမှုကြောင့် ရလာတဲ့ideaလေးပါပြီးတော့ဒီနေ့kitရဲ့မွေးနေ့ပါနော် အားလုံးကိုမွေးနေ့မှာလက်ဆောင်ပေးချင်တာကြောင့်ပါ
ဖတ်ပေးတဲ့သူတစ်ယောက်ချင်းဆီတိုင်းကိုကျေးဇူးတင်ပါတယ်နော်
💜