ဂျောင်ဂုတစ်ယောက်နိုးလာတာနဲ့ထယ်ယောင်းရင်ခွင်ထဲရောက်နေလေရဲ့ ဂျောင်ဂုတစ်ကိုယ်လုံး
လွတ်ထွက်သွားမည့်သူ့အလားဖက်ထားတာပင်ပြန်လည်းမအိပ်ချင်တော့ ထဖို့ကလည်းထယ်ယောင်းဖက်ထားတော့ဘယ်လိုမှထမရ နောက်ဆုံးတော့လည်းထယ်ယောင်းရင်ခွင်ထဲ၌သာငြိမ်ငြိမ်လေးနေရင်းမျက်နှာအစိတ်အပိုင်းတွေကိုသေချာကြည့်နေမိတယ်
တကယ်တော့ထယ်ယောင်းဟာရုပ်ချောပေမယ့်သူ့ကိုအနိုင်ကျင့်တာကြောင့်အပြည့်အဝတော့မချောပါ
"ထယ် ထယ်ယောင်း "
"ထယ်ယောင်းရေ ထတော့ ထယ်ယောင်း"
မိုးလင်းတာနဲ့ပါးစပ်ကလေးကငြိမ်ငြိမ်နေလို့မရဘူးလား
"မင်းဖက်ထားတာငါထလို့မရဘူး"
"မထနဲ့လေ "
"မင်းကလည်းကျောင်းတက်ရအုံးမယ်လေ"
"လာပြန်ပြီအဲ့ကျောင်း မနေ့ကမမှတ်သေးဘူးလား"
"မဟုတ်ဘူးလေထယ်ယောင်းရယ် ကျောင်းကမတက်ရင်ငါစာမလိုက်နိုင်မှာစိုးလို့ပါ"
"မလိုက်နိုင်ရင်မလိုက်နဲ့ပေါ့ ဘယ်သူကမင်းကိုလိုက်ခိုင်းနေလို့လဲ"
"မဟုတ်ဘူးလေ ထယ်ယောင်းရာ ငါပြောတာက"
"ကျစ်!! မင်းအခုဖင်ပြောင်ကြီးနော် မရှက်ဘူးလား"
"ဟင်"
ထယ်ယောင်းပြောမှသူငုံ့ကြည့်မိတယ် တကယ်ကိုအောက်ပိုင်းမှာအဝတ်အစားမှမရှိဘဲ အခုမှတွေးကြည့်မိတယ် ညကတကယ်ကြီးအဲ့လိုအိပ်လိုက်ရတာလား
ညကတစ်ကိုယ်လုံးနာနေလို့အိပ်ပျော်သွားပေမယ့် အခုတော့
"ကျောင်းသွားချင်ရင်အဲ့အတိုင်းသွား ဘာမှမဝတ်သွားနဲ့ အိမ်မှာဘဲနေမယ်ဆိုရင်တော့ ဘောင်းဘီဝတ်ခွင့်ပေးမယ်"
"ထယ် ထယ်ယောင်းး"
"ငါပြောတာမကြားလိုက်လို့လား"
"ငါ ငါမသွားဘူးတော့ဘူးလေ အဲ့တာကြောင့်ဘောင်းဘီလေး"
"ကုတင်အောက်မှာ"
"ကျေး ကျေးဇူး"
ကုတင်အောက်ကဘောင်ဘီလေးအားအမြန်ပင်ဝတ်လိုက်တော့တယ် ထယ်ယောင်းရှေ့မှာအဲ့လိုကြီးနေဖို့ကျရှက်ဖို့တအားကောင်းသည်လေ
![](https://img.wattpad.com/cover/340880452-288-k434798.jpg)