Lack❌-4

324 34 35
                                    

​ဂျောင်ဂုတစ်ယောက်နှိုးဆက်သံကြောင့်မျက်လုံးနှစ်လုံးဟာမဖွင့်ချင်ဘဲဖွင့်ရပါတော့တယ်

လေးလံနေသောမျက်လုံးတွေဟာအိပ်ချင်နေတာကြောင့်လားမသိ
ဖွင့်လို့ကိုမရ တစ်ခါတစ်လေ သူ့မျက်လုံးတွေကိုဖောက်ပစ်လိုက်ချင်မိတယ်

ကျောင်းတက်ရမယ့်နေ့တွေ စောစောထရမယ့်နေ့တွေဆိုဘယ်လိုအိပ်ချင်မှန်းမသိဘူး ဒါပေမယ့်ကျောင်းပိတ်တဲ့နေ့တွေ နားရမယ့်ရက်တွေဆိုမျက်လုံးနှစ်လုံးကမိုးမလင်းသေးဘူးပွင့်နေပြီ

မလိုရာဂွမျက်လုံးနှစ်လုံး ဒါကတော့ဂျောင်ဂုရဲ့နိုးနိုးခြင်းလုပ်နေကျအလုပ်တစ်ခုဆိုလဲမမှား သူ့၏မျက်လုံးများအားအရင်ပြောဆိုပြီးမှအိပ်ရာထတက်ဟာအကျင့်လိုပင်ဖြစ်နေပြီ

မျက်နှာသစ် ရေမိုးချိုးပြီးတာနဲ့ကျောင်းဝတ်စုံလဲကာအိပ်အောက်ထပ်ကမာတာမိခင်ဆီသို့

အမေနဲ့အဖေကရုံးဝန်ထမ်းပင်
မနက်၇နာရီခွဲဆိုတာနဲ့သူတို့မိသားစုသုံးယောက်စလုံးကကိုယ်ဆီတာဝန်ကျရာနေရာသို့ ဂျောင်ဂုအဖေနဲ့အမေကရုံးတူတာကြောင့်အတူတူသွားကြပြီးဂျောင်ဂုကတော့သူ့ သူငယ်ချင်းလေးကင်ထယ်ယောင်းဆီသွားကာနှိုးရပါသေးတယ်

ပြီးရင်သူ့ရဲ့ရေမိုးချိုးအဝတ်အစားလဲတာကအစမနက်စာစားတာအဆုံးအကုန်စောင့်ပေးပြီးမှကျောင်းကိုအတူသွားရသည် ဒါကြောင့်အမြဲတမ်းထယ်ယောင်းမနိုးခင်ထယ်ယောင်းရဲ့အိမ်ကိုအရောက်သွားရတာလည်းသူ့ရဲ့နေ့စဥ်အလုပ်တစ်ခုလိုပင်

အခုလည်းသူ့ရဲ့နေ့စဥ်အလုပ်စတင်ရန်ထယ်ယောင်းအိမ်သို့
passwordရိုက်ထည့်ပြီးအိမ်ထဲဝင်လိုက်တော့ထယ်ယောင်းကမနက်စာတောင်စားနေပြီ

နေပါဦး ငါများနောက်ကျသွားလို့လား အဖေဝယ်ပေးထားတဲ့တစ်ခုတည်းသောနာရီလေးကိုငုံ့ကြည့်လိုက်တော့၇:၄၅ကိုညွှန်ပြနေလေရဲ့

"အဲ့မှာဘာရပ်လုပ်နေတာလဲ"

banana milk ဗူးလေးကိုသောက်ရင်းအူကြောင်ကြောင်ရပ်နေတဲ့ဟာလေးကနာရီကို
ကြည့်လိုက် သူ့ကိုကြည့်လိုက်နဲ့အလုပ်ရှုပ်နေတော့တယ်

lackWhere stories live. Discover now