part-1

1.6K 18 0
                                    

ခများ ပိုင်တဲ့ ကောင်မလေး
~~~~~~~~~~~~~~
အပိုင်း-1

*သားကြီး မိန်းမ ယူဖို့ မစဉ်းစားဘူးလားကွယ် *
*မေမေကလည်းဗျာ သား မိန်းမ ယူဖို့ စိတ်မဝင်စားဘူး
ဘုန်းကြီးဝတ်ဆို ခုချက်ချင်း ဝတ်ပစ်လိုက်မယ်*
*အမလေးအေ အသက်ဖြင့် 40 နားနီးနေပြီ ခုချိန်ထိ လူပျိုကြီး လုပ်ချင်တုန်း
ပြောကို မပြောချင်ဘူး ..... ဇီးကုန်း ရွာထဲမှာလည်း ကွမ်းတောင်ကိုင် အချောအလှတေ တောင်လိုပုံလို့ပါဟယ် ....*
*မေမေ ပြောချင်ရင် ဆက်ပြော သားတော့ ဆက်မနားမထောင်နိုင်တော့ဘူး*

မိခင်ပြောနေသည်ကို ပင် ဂရုမစိုက်ဘဲ ပုဆိုးတိုတိုဝတ်ကာ ခမောက်စောင်း၍
လယ်ထဲသို့ပင် သွားပြီ ဖြစ်သည်။
ထက်ဦးခွန်း တဲ့ နာမည်နှင့် လိုက်အောက်ကိုပင် ထက်မြက်သည်။
ရွာထဲတွင်လည်း သူလောက် အလုပ် လုပ်တာ သူဘဲရှိသည်။
ဖအေက ရွာလူကြီး သားက ကာလသားခေါင်းဆောင်ပင်ဖြစ်သည်။
အသားညိုညို ဆံပင်ကိုဂုတ်ထိရှည်ကာ ‌မြောက်နေအောင်အမြဲ စည်းထားသည်။
Body ကလည်းတောင့်ဆို လုံးဝ အတောင့်အဖြောင့်ပင်
ညနေတိုင်း ခြင်းခတ်လျှင်လည်း ရွာထဲရှိ အမျိုးသမီးလေးများက
ကိုခွန်း ကိုခွန်း ဆို၍ အော်ကာ အားပေးကြသေးသည်။

*ဟဲ့ မိညို ဒီနေ့ ကိုခွန်းခြင်းလာခတ်တာမတွေ့ပါလား ဘယ်သွားတာလည်း
သိလား *

*အေး သူမြို့တတ်ပြီး ဝယ်စရာရှိတာ သွားဝယ်မယ်လို့တော့ကြားတယ် အေးမိရဲ့
အရီးဒေါ်မြ ပြောနေတာကြားခဲ့တာ မနက်ကလည်း အရီးဒေါ်မြက
သူ့ကို မိန်းမယသဖို့ ပြောတာကို ဘုန်းကြီးဝတ်ဆို ဝတ်မယ် တဲ့တော်ရေ*

*ခစ်ခစ် ကိုခွန်းက မိန်းမတေကို စိတ်မဝင်စားဘဲ ယောကျာ်းတေကို စိတ်ဝင်စားတာများလားဟဲ့ *

ဟိုဘက်ရွာ က ကွမ်းတောင်ကိုင် မိချောကလည်း နေ့တိုင်းလိုလို
ကိုခွန်း ခြင်းခတ်တာ လာကြည့်လေ့ရှိသည်။ အခုလည်း အေးမိတို့ ပြောနေသည်ကို
ဘေးကပ်ပြီး နားထောင်နေခြင်းဖြစ်သည်။

ကိုခွန်းက မိန်းမတေစိတ်မဝင်စားလည်း
မိချောကို စိတ်ဝင်စားအောင်တော့ လုပ်ရမည်။နေ့တိုင်း လာနေတာကို လည်း
အဖက်တောင်မလုပ်ပေ။

ခများ ပိုင်တဲ့ ကောင်မလေး(Completed)Where stories live. Discover now