part-20

390 9 0
                                    

ခများ ပိုင်တဲ့ ကောင်မလေး
~~~~~~~~~~~~~~~~~~

အပိုင်း-20

ခေတ် လိုက်ရှာရင်း တစ်နေရာကို အကြည့်ရောက်တော့
စားနေတဲ့ ဝက်သားပင် ပါးစပ်ထဲက ပြန်ထွက်လာရသည်။
ဟိုလူ မိန်းမတစ်ယောက်နှင့် ပြုံးပျော်နေတာများ အမြင်ကပ်စရာကောင်းလှသည်။ လက်ထဲက ဒုတ်ထိုးကို ပစ်ချတာ ဟိုလူရှိရာဆီသို့ပင် ခြေလှမ်းကျဲများဖြင့် လျှောက်လာခဲ့သည်။

*ဦး....‌‌*

ခွန်း နောက်က အော်သံကြောင့် ချာခနဲလှည့်ကြည့်လိုက်လေသည်။
ဘောင်းဘီ ဒူးလောက်လေးနှင့် လက်ပြတ် အင်္ကျီအပြာရောင်လေး တွဲဝတ်ထားသော သူမလေး။ သူမက ဘယ်လိုလုပ်ဒီကိုရောက်နေတာလည်း။ခွန်း ဧည့်သည်ကို ခနဟုပြောပြီး သူမ‌ဆီသို့ ထသွားလိုက်သည်။

*ကလေး ဘာလာလုပ်တာလည်း*

*ခများကရော ဘာလာလုပ်နေတာလည်း
အိမ်ကမိန်းမကို ထားခဲ့ပြီး ဒီကမိန်းမနဲ့ သာနေတာပေါ့ ဟုတ်လား*

*ဟာ ဘာတွေ ရှောက်ပြောနေတာလည်း ကလေး သူက ကိုယ့်ဧည့်သည်*

*ဘာ ဧည့်သည်ကလည်း တစ်ယောက်ထဲနော် အံ့ဩစရာကြီး
ရှင်ကျွန်မကို မချစ်လို့မလား ဟမ် မချစ်ရင် ဘာလို့လက်ထပ်ခဲ့သေးလည်း*

*ဟာ ဟျောင့်တေ မင်းတို့ မရီးကို ခေါ်သွားကြတော့
ကြာရင် စောက်ရှက်တွေကွဲတော့မယ်*

*ရှင်ကျတော့ နောက်မိန်းမနဲ့ပျော်နေပြီး အရှက်ကွဲမှာကြောက်တယ်ပေါ့ဟုတ်လား *

ဘေးမှာကြည့်နေတဲ့ ရောင်နဲ့စက်လည်း ဘာလုပ်လို့လုပ်ရမှန်းမသိဖြစ်နေရသည်။ ကိုကြီးကို ကြည့်ပြန်တော့လည်း ဝါးစားမတတ်မျက်လုံးကြီးနှင့်ကြည့်နေသည်။

*အကို သူဘာတွေပြောနေတာလည်း အလုပ်ကိစ္စလည်း ပြီးပြီဆိုတော့ ခြံကို ပြန်ကြရအောင်လေ*

ခေတ် လမ်းကိုမြန်မြန်လျှောက်ကာ ခွန်းရဲ့ ဧည့်သည်ဆီသို့သွားကာ
လက်တစ်ဖက်ကို လေပေါ်သို့မြှောက်လိုက်ပြီး အားပါပါ ရိုက်ချပစ်လိုက်သည်။

ဖျန်း..........

ဝတီ့ ပါးတစ်ဖက် ပူလောင်ကာ နုကျင်မှုကိုခံစားလိုက်ရသည်။
နောက်တစ်ချက်ရိုက်ရန် ရွယ်လိုက်သော လက်ကို ခွန်းဖမ်းကိုင်ထားကာ....

ခများ ပိုင်တဲ့ ကောင်မလေး(Completed)Where stories live. Discover now