part -13

301 9 0
                                    

ခများ ပိုင်တဲ့ ကောင်မလေး
~~~~~~~~~~~~~
အပိုင်း-13

အခန်းရှေ့သို့ ရောက်သော်လည်း တံခါးခေါက်ဖို့ လက်တေများ တုံ့ဆိုင်းနေသည်။
ရင်တုန်သည်ဆို ပိုမှန်လိမ့်မည်။ အထဲမှ စကားပြောသံကြားသောကြောင့် တံခါးနား
နားကပ်ပြီး အရင်နားထောင်လိုက်သည်။

*အတိုး ငါဘယ်လိုလုပ်ရမလည်းဟင် အဲ့လူကြီးကို မချစ်ဘူး သူက မာနလည်းကြီးတယ် အလျှော့လည်းမပေးဘူး အနိုင်လည်းကျင့်တယ် *

*ခေတ်ရယ် သူက နင့်ကို ချစ်ပါတယ်ဟ မငြင်းနဲ့တော့ အဲ့လိုလူမျိုးက 100 မှာ 1ယောက်ဘဲရှိတယ် အကျင့် စာရိတ္တကလည်း ပြောစရာမရှိဘူး အလုပ်အကိုင်ကလည်း သူများထက် အဆပေါင်းများစွာ သာတယ် 2ခါ ပြန်စဉ်းစားစရာမလိုအောင်ကို ပြည့်စုံလွန်းတယ် လက်ခံလိုက်*

*ဟင်းး ငါ လက်ခံလို့မရဘူး ပြီးတော့ သူငါ့ကို ချစ်တယ်လို့ဘဲပြောတာ လျှာရိုးမရှိတိုင်းလျှောက်ပြောနေတာလမသိဘူး ဘယ်လိုစိတ်နဲ့ လက်ခံရမှာလည်း*

ခွန်း ဆပ်နားမထောင်တော့ဘဲ တံခါးကို တွန်းဖွင့်လိုက်လေသည်။ ကုတင်ပေါ်မှာ မှောက်ရက် ကလေးနှင့် ဖုန်းပြောနေသော သူမလေး ....ကောက်ကြောင်းလေးတွေကလည်း အထင်းသားပင်
ခွန်းကို ရေပင်ငတ်စေသည်။ တံတွေး ခနခန မျိုချနေရသေးသည်။ စကားပြောဖို့အတွက် စိတ်တွေကို ချုပ်တည်းထားလိုက်သည်။

*ဟင် သူများခန်းထဲ ဘာလာလုပ်တာလည်း*

*ကလေး ကိုယ်ပြောစရာရှိလို့*

*ပြောလေ အပြင်မာပြောလည်းရတာကို အခန်းထဲဝင်လာသေးတယ်*

*ကလေး*

*ပြောဗျာ မြန်မြန် *

*ကလေးကို ကိုယ်ချစ်တာ တစ်ဘဝလုံးစာအတွက် ရည်ရွယ်ပြီး ချစ်တယ်လို့ပြောခဲ့တာပါကလေး
ကိုယ့်အချစ်ကို သံသယ ဝင်ဖို့ မလိုဘူး ဘာလို့ဆို တစ်ခြားကောင်တေထက် ကိုကအဆပေါင်းများစွာ ပိုချစ်နိုင်တယ် *

ခေတ် ရင်ထဲ နွေးထွေးသော လှိုင်းလေးတစ်ခု ဖြတ်သွားခဲ့သည်။ ဟိုလူကြီးရဲ့ ချစ်ခြင်းမေတ္တာတွေ့ပေါ့။ သို့ပေမယ့် ခေတ် အဲ့လူကြီးအကြောင်းကို သေမးချာမသိသေးသောကြောင့်
ရင်ခုန်ခြင်းကိုလည်း အချစ်လို့ ခေါင်းစဉ်မတပ်ချင်ပါ။

ခများ ပိုင်တဲ့ ကောင်မလေး(Completed)Where stories live. Discover now