part -12

313 11 0
                                    

ခများ ပိုင်တဲ့ ကောင်မလေး
~~~~~~~~~~~~~~
အပိုင်း-12

စားသောက်ပြီး အိမ်ပေါ်တတ်သွားသည်အထိ မျက်စောင်းက ထိုးတုန်းပင်။ ခွန်း နေစရာပင်ပျောက်နေရသည်။ ဆက်ပြီး နေရင် ဒီနားတင်ပြာကျနိုင်ခြေရှိသောကြောင့် အိပ်ခန်းထဲသို့သာ အမြန်သွားရသည်။
ဟူးး........သိပ်ပြုစားလွန်းတယ် ကလေးမရယ်
မင်းလေးအပေါ် ခံစားချက်ရှိနေတာကို ကိုယ်ဘယ်လိုပြောရမလည်း။

*ခေတ် နင်အဲ့ဦးလေးကြီးကို ကြည့်မရဘူးလား
မျက်စောင်းထိုးနေတာဘဲ ခနခန ကို မြင်ရတဲ့ ငါတောင် ကြောက်လာပြီ ထိုးခံရတဲ့လူဆို ဘလိုဖြစ်မလည်း*

*ဘာဖြစ်လည်း ဟွန့် သူ့ကို အမြင်ကပ်လို့ လေ
အသက်ကြီးပြီး ငယ်တဲ့သူကို လျော့ပေးရကောင်းမှန်းလည်း မသိဘူး*

*အမယ် နင်က အလိုလိုက်ခံ အချော့ခံချင်နေတာလား
ပြောစမ်း*

*ဟင် မသိဘူးဟာ သွား အိပ်တော့*

တကယ်ဘဲ အတိုးပြောသလို ဖြစ်နေတာလား ....
အဲ့လူကြီးကို သဘောကျနေမိတာလား ဘာကြောင့်လည်း
တွေ့တိုင်းရန်ဖြစ်နေတဲ့ဟာကို ဘယ်ချိန်က သဘောကျသွားတာလည်း။ ခေတ် သဘော‌ကျနေမိတာ သေချာပါသည်။
အဲ့လူကို တွေတိုင်း ရင်တွေခုန်တယ် စိတ်လှုပ်ရှားတယ်။
အို.....ကုန်ကုန်ပြောရရင် သူနဲ့ ရန်ဖြစ်နေရတာကိုပါ သဘောကျတယ်။

ဘေးကြည့်လိုက်တော့လည်း ဟိုနှစ်ယောက်က အိပ်နေပြီ ဖြစ်သည်။ ခေတ် မအိပ်ချင်သေးသောကြောင့် ဝရံတာသို့သွားရန် ထလိုက်သည်။ အပြင်က မှောင်မည်းနေပြီး မီးလည်း မထွန်းထားပေ။ စမ်းတမ်း စမ်းတမ်း နှင့်သာ ဝရံတာသို့ ဖြည်းဖြည်း
ခြင်းလျှောက်သွားလိုက်သည်။

*အမလေးတော့*

ရှေ့နားက တစ်ခုခုကို ခလုတ်တိုက်ကာ မှောက်ယက် လဲသွားရသည်။ ‌အောက်သို့ မလဲကျဘဲ တစ်ယောက်ယောက်က ပွေ့ထားသလို ခံစားရသည်။ ခေတ် ကုန်ရုန်းထနေသော်လည်း ကျစ်နေအောင် ဖက်ထားသေးသည်။

*ဘယ်သူလည်း လွှတ်လေ သူများသားသမီးကို
နင်းကန် ဖက်နေတာ *

ခေတ် ဖက်ထားသူရဲ့ မျက်နာကို မမြင်ရပေမယ့် ရင်ဘက်ကို တဘုန်းဘုန်း ထုနေမိပါသည်။ ခေတ်ရဲ့ လက်ကို ဖမ်းကိုင်ခံလိုက်ရကာ လက်တစ်ဖက်က အစောကထက် ပိုကျပ်အောင် ဖက်ထားပြန်သည်။

ခများ ပိုင်တဲ့ ကောင်မလေး(Completed)Where stories live. Discover now