ခများ ပိုင်တဲ့ ကာင်မလေး
~~~~~~~~~~~~~
Part-15
မိချော ရှက်ရှက်နှင့်ပြေးထွက်လာခဲ့ရာ ရွာနှစ်ရွာ အဆက် တံတားသို့ ပင် ရောက်လာခဒ့လေသည်။
ရေတွေကလည်း မိချောကို လက်ယက်ခေါ်နေသလို လှိုင်းများတဝုန်းဝုန်းနှင့်ပင်။
မိချော အသိစိတ်ကင်းမဲ့စွာ တံတားဘောင်ပေါ်တတ်ကာ ခုန်ချရန်ပြင်လိုက်သည်။
*ဟာ ဟေ့ဟေ့ မလုပ်နဲ့လေ *
ညခင်း 6 နာရီလောက်ဆိုပေမယ့် သိပ်မမှောင်သေးပေ။ ရှေ့က မိန်းကလေးတစ်ယောက် တံတားဘောင်ပေါ်တတ်နေသောကြောင့် လှမ်းအော်ပြီး ကားရပ်လိုက်ရသည်။
ကားလေးတစ်စီးရပ်ကာ ကားပေါ်မှ လူတစ်ယောက်င်းလာလေသည်။ အနက်ရောင် ကုတ်နှင့်
စတိုင်ပင် အနက်ကိုတွဲဝတ်ထားသည်။ တကယ့်ကို လူကြီးလူကောင်းပုံစံပင်။
နီညိုရောင် ဆံပင်နှင့်အတူ ဖြောင့်တန်းနေသော မျက်ခုံး သမင် မျက်လုံး လေးကိုင်းသဏ္ဍာန် နူတ်ခမ်း အို..ပျောက်ရက်စရာမရှိအောင်ကို သပ်ရပ်လွန်းသည်။
တံတောင်ဘောင်ပေါ်က ကောင်မလေးကို ဆွေ့ခနဲ မချီကာ အောက်ချပေးလိုက်သည်။ အလိုမကျသောမျက်နာကြီးနှင့် စိုက်ကြည့်ကာ ခါးထောက်ရပ်နေသည်။ ကောင်မလေးကတော့ မျက်တောင်ရှည်လများဖြင့် မျက်ရည်တွေကို ပုပ်ခတ်ပုပ်ခတ် လုပ်နေသည်။ ဆံပင်ခါးထိရှည်ပြီး မျက်နာဝိုင်းသေးသေးလေးဖြင့် နှင်းဆီဖူးလိုနူတ်ခမ်းလေးနှင့် ချစ်စရာကောင်းလှသည်။
ရောင် ပြည်ပမှာ မိန်းကလေးမျိုးစုံတွေ့ခဲ့ပေမယ့် ရင်ကို လှုပ်ခတ်စေသူ တစ်ယောက်မျှမရှိပေ။ ဒီကောင်မလေးကျမှ ရင်ဘက်အစုံ ဆိုင်းသံဗုံသံတွေ ဆူညံ့လို့ပင်။ အဟင်း ပြည်ပကိုတောင် ပြန်ဖြစ်ပါတော့မလား .....။
*ဘာလို့ ကျွန်မကို ကယ်တာလည်း ကျွန်မသေချင်တယ် ဖယ်*
*ဟိတ် မင်း ဘာကိစ္စတွေကြုံခဲ့လည်းတော့ကိုယ်မသိဘူး ဒါပေမယ့် လူဘဝဆိုတာ ရခဲလှတယ်ကွ
ပြသနာ ဖြစ်တိုင်း သေဖို့ စိတ်မကူးဘဲ ဘယ်လို ဖြေရှင်းရမလည်း မငိးစဉ်းစား.*
မိချော သူပြောမှ သေချာစဉ်းစားမိသည်။ ဟုတ်တာပေါ့ ဖြေရှင်းဖို့ မကြိုးစားဘဲ သေဖို့စဉ်းစားရတယ်လို့ အရှုံးပေးရာ ကျမှာပေါ့ ....အဟင်း လူကြားထဲ အရှက်ခွဲခဲ့တဲ့ ရှင့်ကို ဘယ်တော့မှ မမေ့ဘူး ကိုထက်ဦးခွန်း အလှည့်ကျမနွဲ့စတမ်းပေါ့ .....။
*ကျေးဇူးတင်ပါတယ် ကျွန်မပြန်လိုက်ပါအုန်းမယ်*
*နေအုန်းလေ ကိုယ်လိုက်ပို့ပေးမယ် မင်းအိမ်ကဘဘယ်မာလည်းသာပြော*
*ရပါတယ် မလိုဘူး *
*လာခဲ့ *
ဇွတ်ဆွဲသွားသူကြောင့် နောက်ကနေ ယက်ကန်ယက်ကန် ပါသွားလေသည်။ ဘလိုလူလည်း
သိလည်းမသိဘဲ သူများလက်ကို ဆွဲနေတာ အမြင်ကပ်လိုက်တာ။
ကားတံခါးကို ဖွင့်ပြီး ဝင်ခိုင်းလိုက်ကာ တံခါးပြန်ပိတ်လိုက်လေသည်။
*ဘာလို့ အတင်းလိုက်ပို့ချင်နေတာလည်း *
မေးပြီး မျက်စောင်းကြီးက ထိုးနေလေသည်။ တကယ့်ကို အကြည်ဓာတ်လေးအလား။
အဟင်း မင်းဆီကို လာရတာ တန်သွားပြီ ခွန်းရေ။ မဟုတ်ရင် အကြည်ဓာတ်လေးနဲ့ ဆုံမှ မဟုတ်ဘူး ဟားဟား။
စိတ်ထဲတွင် ဟက်ဟက်ပက်ပက် ရယ်နေသည်က အပြင်ထိပင် ပြုံးစိစိဖြစ်သွားရသည်။
ဘေးကတစ်ယောက်ကို လှည့်ကြည့်လိုပ်တော့လည်း ဆူပုပ်နေပြီး နူတ်ခမ်းကိုထော်လို့ပင်။
*ကယ် မယ်မင်း မင်းအိမ်ကို လမ်းညွှန်အုန်းမှာလား ဒါမှမဟုတ် ကိုယ့်အိမ်ကို ခေါ်သွားရမလား
အဟက်*
*တည့်တည့်ဘဲဘဲမောင်း ဘယ်မှ ကွေ့စရာမလိုဘူး တစ်ရွာကျော်ရင် ရောက်ပြီ
ရိုးရိုး မေးလည ရတဲ့ဟာကို သူအိမ်ခေါ်ချင်နေသေးတယ် အံ့ဩပါ့ ဟွန့်*
*ဟားဟား မင်းက ကလေးကျနေတာဘဲကွာ *
မိချော ရင်အစုံ လှိုက်ဖိုနေရသည်။ အသံနဲ့တင် ပြုစားခံနေရသလို ။
ကားလေး တငြိမ့်ငြိမ့် ခွန်းတို့ရွာကို ဖြတ်သွားပြီဖြစ်သည်။
*မေမေ ဧည့်သည်တေပြန်ခိုင်းလိုက်တော့ သားလည်းနားတော့မယ် *
*အို သားကလည်း အစောကြီးဘဲရျိသေးတာကို သားနားချင်နားလေ မေမေ ဧည့်ခံလိုက်မယ် *
*ဟုတ်ကဲ့မေမေ*
*ကလေးလာ သွားမယ် *
အခန်းထဲထိ လက်ကို တင်းတင်း ဆွဲပြီး ခေါ်သွားခဲ့သည်။ အခန်းထဲရောက်တော့ ကလေးမကို ကုတင်ပေါ်သို့ တွန်းလှဲလိုက်ပြီး ခွန်းကိုယ်ကြီး အပေါ်ကနေ အုပ်မိုးလိုက်သည်။
